656 - 660

191 13 0
                                    


Chapter 656 လွှတ်ပေးလိုက်တာလား

နတ်ဆိုးသားရဲတွေအားလုံးလည်း ယန်ချီကို ဒေါသပြင်းစွာနဲ့ ကြည့်နေခဲ့ကြတယ်။

သူတို့တွေအနေနဲ့ တနေ့မှာ သူတို့ရဲ့ အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူဆီကို လူသားတွေ ရောက်လာပြီး ဒီလို အမူအယာနဲ့ ရင်ဆိုင်လိမ့်မယ်လို့ မထင်မိပါဘူး။

“တကယ်တော့ မင်းတို့တွေ ဒီလို ဖြစ်ဖို့ မလိုပါဘူး။ ဒေါသထွက်ဖို့လည်း မလိုပါဘူး” ယန်ချီက ရာချီသော နတ်ဆိုးသားရဲတွေကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “မကြာခင်မှာ မင်းတို့တွေလည်း မင်းတို့ ခေါင်းဆောင်နောက်ကို လိုက်သွားတော့မှာ”

ဒီစကားကို ကြားတော့ နတ်ဆိုးသားရဲတွေလည်း အားပါးတရ ရယ်မောလိုက်တယ်။

နတ်ဆိုးသားရဲတွေရဲ့ အမြင်မှာတော့ ယန်ချီက အရယ်ရဆုံး ဟာသ တစ်ပုဒ်ကို ပြောနေတယ်လို့ မြင်နေခဲ့တယ်။

“လူသား မင်းက ရယ်စရာ ဖြစ်နေပြီလို့ မထင်ကြဘူးလား”

နတ်ဆိုးသားရဲတွေရဲ့ နက်မှောင်တဲ့ မျက်နှာထက်မှာ အလွန်တရာ အထင်သေးမှုတွေ ပြည့်နှက်နေခဲ့တယ်။

ယန်ချီကတော့ အမြဲတမ်း ဒီလိုပဲလို့ တွေးလိုက်မိပြီး တိတ်တဆိတ် ခေါင်းခါယမ်းလိုက်မိတယ်။

တကယ်တော့ နတ်ဆိုးသားရဲတွေလည်း ယန်ချီ ဘယ်လိုပြောပြာမယုံပါဘူး။ သူတို့တွေက ယန်ချီကို မကျေမနပ်နဲ့ ကြည့်နေခဲ့တယ်။

“လူသား မင်းပြောတဲ့အတိုင်း မင်းရဲ့ အစွမ်းကို ထုတ်ပြလိုက်လေ”

အဲ့ဒီ နတ်ဆိုးသားရဲရဲ့ စကားသံ ဆုံးသွားတဲ့အခါ နတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ် တုန်ယင်သွားခဲ့တယ်။

“ဝှစ် ဝှစ် ”

အဲ့ဒီအချိန်မှာပဲ အေးစက်စက် အလင်း တဖျတ်ဖျတ် လက်သွားခဲ့တယ်။

အဲ့ဒီလို ကြောက်မက်ဖွယ်အေးစက်စက် အလင်းနဲ့အတူ ခြောက်ခြားဖွယ်အော်မြည်သံတွေ တရစပ် ထွက်ပေါ်လာခဲ့တယ်။

ဒီဖြစ်စဉ်တစ်ခုလုံးက အလွန် မြန်ဆန်တဲ့အတွက် လူငယ်တွေနဲ့ မိန်းကလေးတွေ ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါဘူး။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now