Part - 39

18.2K 813 138
                                    

Unicode

ညဥ့်နက်အချိန်မှာတိုက်တဲ့လေထုအေးအေးတို့က ထင်လင်းသိုက်မျက်နှာကို ရိုက်ခတ်လျက်… တိတ်ဆိတ်နေတဲ့ညမှာ သူတို့၃ယောက်ကပါ အသံမထွက်ပဲ အဝေးတစ်နေရာကိုသာ
ငေးကြည့်နေကျ၏။ကြည့်နေတဲ့နေရာ မတူပေမဲ့ သူတို့၃ယောက်စလုံးမှာ တူညီတဲ့အချက်က
မီးငယ်အကြောင်း တွေးနေတယ်ဆိုတာပင်။

ထိတ်လန့်စရာတွေကြုံလာတိုင်း အတိတ်ဆိုးဟာ အိပ်မက်ဆိုးအဖြစ်ရောက်လာကာ ကြောက်လန့်တကြားဖျားတတ်တဲ့မီးငယ်ကြောင့် သူတို့၃ယောက်ရှိနေတာဟာ မီးငယ်အခန်းအပြင်က ဝရံတာမှာသာရှိနေသည်။

"မင်းသန့် ၊ နဂါး ကိုယ်အထဲခဏဝင်ကြည့်အုံးမယ်"

"အေး ငါတို့ရော လိုက်လာရမလား"

"ရပါတယ်"

ပထမတစ်ကြိမ်လန့်အော်လာပြီးတဲ့မီးငယ်က နောက်တစ်ကြိမ်လန့်မနိုးဖူးလို့ မပြောနိုင်တာမို့  မီးငယ်အနားထိုင်နေဖို့သာ သူလာခဲ့လိုက်သည်။

ပြတင်းပေါက်ကနေတဆင့် ဖျာကျနေတဲ့ အေးချမ်းတဲ့လရောင်က ခန်းဆီးလိုက်ကာကြားက တစွန်းတစဝင်ရောက်နေတဲ့အချိန်
ထိုအလင်းရောင်ကြားမှာ အေးချမ်းလွန်းတဲ့
မီးငယ်မျက်နှာလေးက ထင်လင်းသိုက်ရင်ကို အေးစေ၏။

"နေမကောင်းမဖြစ်ရင် ဘယ်လောက်ကောင်းလိမ့်မလဲကလေးရဲ့"

ပူကျစ်နေတဲ့မီးငယ်နဖူးလေးပေါ် လက်တင်ကာ မျက်နှာလှလှလေးကို အုပ်ကိုင်မိသေးသည်။ နဖူးကချွေးစေးတွေကို သုတ်ပေးနေစဉ် မီးငယ်ဆီကကြားနေရတဲ့ ညည်းညူသံတွေက သနားစရာပင်။

"ဟင်းးး "

"ကိုယ်ရှိတယ်နော်မီးငယ်"

"မ … မသ-တ်ပါနဲ့"

"အိပ်မက်လေကလေးရဲ့ ။ တကယ်မဟုတ်ဘူး အိပ်မက်တွေပါ"

မီးငယ်ရဲ့လက်လေးတွေကိုဆုပ်ကိုင်တော့ သူမလေးကရုန်းကန်လာပြီ။

"အိပ်မက်ပါ တကယ်မဟုတ်ဘူး"

"သူ သူတို့တွေက … အားးး သ-တ်နေကျတယ် သွေး…သွေးတွေ"

မျက်လုံးပင်မဖွင့်ပဲ ယောင်ယမ်းကာအော်နေတာမို့ ထိုကလေးကိုဆွဲထူကာ သူ့ရင်ခွင်ထဲမှာပဲ တင်းကြပ်နေအောင်ဖက်ထားလိုက်၏။
ခေါင်းကိုဖွဖွပွတ်ပေးသည့်တိုင် မီးငယ်ဟာ မဖက်မခံပဲ ရုန်းကန်နေဆဲ…

HUSBAND:DaddyWhere stories live. Discover now