Chapter-63
4.2K 668 5
Zawgyi
ဆဲနိုပီရာ- ဆဲနိုပီ အတိတ်ရဲ့ဝမ်းနည်းပူဆွေးမှု
         ရာ  ယူဆောင်ခြင်း
ရက်စ်နို -ရွှေရောင်ကို သယ်ဆောင်ခြင်း
ပိုင် - ကူးပြောင်းမှု
-*-*-*-*-*-
"အတိတ်ရဲ့အတ္တကို သယ်ဆောင်ကူးပြောင်းခြင်း"
*ဆဲနိုပီရာရက်စ်နိုပိုင်*
ဒန်နာရီတိုးတိုးလေးရွတ်လိုက်ပြီးနောက်မှာ တံခါးဟာလင်းလက်တောက်ပလာတော့သည်၊ထိုနောက်မှာ သူတို့တွေဖွင့်လို့မရဘူးလို့တွေးထင်ခဲ့သည့်တံခါးဟာ လွယ်ကူစွာ ဖွင့်ဟလာတော့သည်၊
တံခါးလင်းလက်တောက်ပနေပြီး ဒန်နာရီဟာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး တံခါးထဲကို ဖြည်းညင်းစွာဝင်သွားတော့သည်၊လူတိုင်းဟာ တံခါးဆီကနေ ထွက်ပေါ်လာတဲ့မှော်ဖိအားကြောင့် အသက်ရှူကြပ်ရခက်နေပြီး တစ်လမ်းချင်းလှမ်းသွားတဲ့ ဆယ်နှစ်ကျော်အရွယ်ကလေးလေးရဲ့ကျောပြင်ကို ကြည့်နေခဲ့သည်၊
ထိုသေးငယ်တဲ့ကိုယ်လေးဟာ အားမာန်အပြည့်ရှိနေပြီး သူရဲကောင်းလိုအငွေ့အသက်တွေနဲ့တူညီကာ သူတို့အတွက် ကြီးမားခိုင်ခန့်သည့်တောင်ကြီးလိုပင်၊
"အံ့အောစရာကောင်းလိုက်တာ" ဟျူယာဟာ အမွမ်းတင်လိုက်သည်၊သူဟာလည်း ထူးချွန်တဲ့သူတစ်ဦးဖြစ်တာကြောင့် လက်ရှိမှော်ဖိအားကြောင့် အနည်းငယ်အကြပ်အတည်းဖြစ်နေပေမယ့် သူ့ထက် များစွာငယ်ရွယ်တဲ့ကလေးတစ်ယောက်ဟာ အေးဆေးလေး တံခါးအတွင်းဝင်ရောက်ပျောက်ကွယ်သွားသည်ကိုမြင်တော့ သူ့စိတ်ထဲမလေးစားဘဲမနေနိုင်တော့ပင်၊
"ဒီကောင်လေးသာ အောင်မြင်ခဲ့ရင် လူသားကမ္ဘာရဲ့အနာဂတ်ဟာ တောက်ပနေတော့မှာပဲ"
လူတိုင်းဟာ မတူညီတဲ့အတွေးမျိုးစုံနဲ့ တံခါးပိတ်သွားတဲ့အထိသာ စောင့်ကြည့်နေတော့သည်၊သူတို့ဟာ ဒန်နာရီကို ဘယ်လောက်ကြာအောင် စောင့်ရမည်လည်း မသိကြပေ၊
ဟျူယာဟာ ရစ်နိုလ်နားသွားလိုက်ပြီး သူဟာပြုံးလိုက်ပြီး ကျီဆယ်လိုက်သည်၊ရစ်နိုလ်ဟာ ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး အကြည့်စူးစူးတစ်ချက်ပို့လိုက်သည်၊ထိုအရာကို ဟျူယာဟာ အလွန်သဘောခွေ့လှသည်၊