Part - 41

21.6K 953 177
                                    

Unicode

"ငါ့ကိုပြန်မပြောနဲ့နော် မင်းသန့်ပြုံးမောင်။
မင်းအခုလိုအော်ဆိုတဲ့အသံကြောင့် ပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာပြရမလဲ ဟမ်"

"မောင်ပြန်မပြောရသေးပါဘူးကွာ"

"မင်းကိုမေးနေတယ်လေ ဘယ်လိုမျက်နှာပြရမလဲလို့ ဘာဖြစ်လို့ ပြန်မဖြေတာလဲ"

"မင်းပဲပြန်မပြောနဲ့ဆိုနဂါးရာ"

"ဟ ပြောသင့်တဲ့နေရာ ပြောရမှာပေ့ါကွာ။
မင်းကကိုယ့်အပြုအမှုနဲ့ကိုယ် သင့်တော်တယ် ထင်လို့လား။ရှက်ဖို့တောင်ကောင်းတယ်"

"မကောင်းပါဘူး"

"ပြန်မပြောနဲ့လို့ ပြောထားတယ်လေ"

"မင်းပဲ ပြောသင့်တဲ့နေရာပြောဆို"

"ဒါပြောသင့်တဲ့နေရာ မဟုတ်ဘူးကွ"

"မင်းပဲ မောင့်ကိုမေးတာလေကွာ"

"အေး ငါမေးတာကို မင်းဖြေလို့လား"

"မောင်ဖြေတော့လည်း မင်းပဲပြန်မပြောနဲ့ဆို"

"ဖြေသင့်တဲ့နေရာ ဖြေမှပေါ့ကွ"

နှစ်ယောက်ထဲပတ်ချာလည်နေတဲ့ အန်ကယ်နှစ်ယောက်ကိုကြည့်ရင်း ရေချယ့်မျက်စိတွေလည်လာပြီ။

သို့သော် အန်ကယ်သန့်ကပဲ သက်ပြင်းချကာ…

"ဟုတ်ပါပြီ ။ ထားလိုက်တော့ ဒီကောင်ကြီးပဲမှားတယ် ဟုတ်ပြီလား။ ညကသီချင်းအော်ဆိုတာလည်း မောင်မှားတယ်။ အရက်တွေသောက်မိတာလည်း မောင့်အမှား။ အချစ်လို့ ခေါ်တာလည်း မောင့်အမှားပဲ။ ဟုတ်ပြီလား…ရပြီလား ကျေနပ်တော့နော်"

တောင်းပန်လိုက်တော့မှ အန်ကယ်နဂါးရဲ့ တင်းမာနေတဲ့မျက်နှာက ပြေလျော့သွားသည်။

"ပြီးရော နောက်တစ်ခါအပြုအမှုကိုဆင်ခြင်။ အထူးသဖြင့် ကလေးရှေ့ အရက်၊သေစာသောက်ပြီး လမ်းပြမလုပ်မိစေနဲ့။ကလေးကို အတတ်ကောင်းတွေ သင်မပေးနဲ့။ မင်းကိုယ်တိုင်က မင်းကိုယ်မင်း ဒီကလေးရဲ့အဖေ၊
ဒီကလေးဟာ မင်းရဲ့သမီးပါလို့ ခံယူထားရင် ကလေးရှေ့ မကောင်းတာလုပ်ပြပြီး
လမ်းမဆောင်နဲ့"

HUSBAND:DaddyWhere stories live. Discover now