CH 72.1

3K 485 38
                                    

ရီဇဲရဲ့ အကြည့်တွေ အေးစက်ခက်ထန်နေတယ်.....

ရှီမင်းဟွေ သူ့ကိုဘာကြောင့် လာမရှာလဲစဉ်းစားနေခဲ့မိတယ်....တခြားတစ်ယောက်ရှိနေလို့ လာမရှာတာများလား တွေးခဲ့မိပေမယ့် အခုလို တွေ့လိုက်ရချိန်မှာ သူ့အတွေးတွေ မှန်ကန်နေမှန်း သဘောပေါက်သွားခဲ့တယ်....

ရွံ့ရှာစက်ဆုပ်စရာကောင်းတဲ့ ကစားစရာလေးက ကြိုတင်ပြီး backup ထားနေတယ်ပေါ့......

သူသာ ငြီးငွေ့လာပြီဆို ရှီမင်းဟွေကို ဘယ်သူ့ကိုမဆို ပေးပစ်လိုက်မှာပါ...ဒါပေမယ့် ရှဲ့ဟယ်က သူ့ဘေးမှာ တစ်ချိန်လုံးကျိုးနွံ့နာခံသလိုဟန်ဆောင်နေပြီး ကွယ်ရာမှာ နောက်မီးလင်းနေမှန်း သိလိုက်ရလို့သာ ဒေါသထွက်နေမိတာပါ.....

ရီဇဲ ​ခြေလှမ်းကျဲကြီးများနဲ့ ရှဲ့ဟယ်ဆီ အရောက်သွားလိုက်ပြီး လမ်းမောင်းကနေ လှမ်းဆွဲလိုက်တယ်.....

ရုတ်တရက်ကြီး ရောက်ချလာတဲ့ ရီဇဲကြောင့် ရှဲ့ဟယ် အတော်လေး ထိတ်လန့်သွားပြီး.....

"ရီ...ရီကော...."

ရှဲ့ဟယ် အထိတ်တလန့်ဖြစ်သွားခြင်းကြောင့် သူထင်တာ မှန်နေပြီဖြစ်ကြောင်း ရီဇဲ သဘောပေါက်လာခဲ့တယ်...ဒါ့ကြောင့် ရေခဲတမျှ အေးစက်ခက်ထန်တဲ့အကြည့်တွေ ပစ်လွှတ်လိုက်ပြီး.....

" ဘာလဲ...ငါ့ကို မြင်လိုက်လို့ တော်​တော်အံ့သြသွားတယ်ပေါ့....ဟုတ်လား!!!"

ရှဲ့ဟယ် အယောင်ယောင်အမှားမှားနဲ့ တစ်ယောက်တည်း ခေါင်းညိတ်လိုက် ခေါင်းခါလိုက်ဖြစ်နေရှာတယ်.....

ရီဇဲရှေ့မှာ သတိကြီးကြီးထားနေရှာတဲ့ ကောင်လေးကိုကြည့်ပြီး ဖူယွမ် တကယ်ကိုမနာလိုဖြစ်နေမိတယ်....ဒီကောင်လေးက သူ့အရှေ့မှာဆို ဘာခံစားချက်ထုတ်မပြဘဲ တပြေးညီ ငြိမ်သက်နေခဲ့တယ်လေ.....

" ဘာလုပ်တာလဲ ဉက္ကဌရီ.....လူမြင်ကွင်းကြီးမှာ ဆွဲလားရမ်းလားတွေ မလုပ်ပါနဲ့....ထမင်းတစ်နပ်လောက်အတူစားတာကို ဘာ့ကြောင့်များ အကဲဆတ်နေရတာလဲ....."

" ဟွန့်....ဒီလောက်ပဲလား...ငါ့အမြင် ဒီထပ်ပိုဉီးမယ်ထင်တယ်....."

ဖူယွမ့်အကြောင်း သူမသိရှာဘူးဆိုတော့ ပြောတဲ့အတိုင်းယုံလိုက်ရမယ်ပေါ့....ဖူယွမ် အသုံး​တော်ခံခဲ့တဲ့ မင်းသား၊မင်းသမီးတွေဆို ရေတွက်လို့တောင်မရတော့ဘူး....ကန်းနေတဲ့သူတောင် ရှဲ့ဟယ်အပေါ် ဖူယွမ်တက်မက်နေမှန်း မြင်တွေ့နိုင်တယ်......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now