RVTIACF Chapter-(39)

1.4K 207 3
                                    

CHAPTER-(39)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ကိစ္စကြီးတွေကို အစောပိုင်းတုန်းက အစည်းအဝေးမှာ ဖြေရှင်းပြီးသားဖြစ်နေတော့ ကိစ္စအများစုက အသေးအဖွဲ့ ဖြစ်ကြသည်။  အဲ့လိုအချက်လေးတွေ လိုက်ဖမ်းရတာက သေချာပေါက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေမယ့် သူမရဲ့လက်ရှိနေရာနှင့် ကိုက်ညီလို့နေသည်။ သူမကို ယုံကြည်မှုကင်းမဲ့နေသူတွေကလည်း ချူရှောင်းကို အမြင်သစ်နဲ့ ကြည့်လာတော့သည်။

ကိစ္စအားလုံး ဖြေရှင်းပြီးသွားတာနဲ့ ဖန်ချင်းနဲ့ရှောင်းဟန်တို့ ပူးပေါင်းရေးစာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ ထရပ်လိုက်ကြ၏။ ဒါပြီးတော့ အချင်းချင်း အလုပ်လုပ်ရင်းရလာမယ့် အမြင့်အနေအထားတစ်ခုကို မျှော်မှန်းရင်း တခြားပါဝင်သူအားလုံး စိတ်အားထက်သန်စွာ လက်ခုပ်သြဘာပေးကြသည်။

"ဒီနေ့အားလုံးက ကြိုးကြိုးစားစား လုပ်ထားမှတော့ အားလုံးအတွက် စာသောက်ဆိုင်ခန်းနဲ့ ကာရာအိုကေကို သီးသန့်ထားပေးဖို့ ရှောင်းလန်ကို ကျွန်မပြောထားတယ်။ လူတိုင်းသွားပြီး ဒီလိုအလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့လို့ ပျော်ရွှင်လိုက်ကြပါစို့။ မနက်ဖြန် ပရောဂျက်အစပျိုးတာကို တရားဝင်ကြေညာမယ်။"

အစည်းအဝေးအဆုံးသတ်ဖို့ အချက်ပြရင်း ဖန်ချင်းဆိုသည်။

ရှောင်းဟန် အားလုံးထွက်လာတဲ့အထိစောင့်ပြီး သူ့လက်ပတ်နာရီကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"ဒါရိုက်တာ ဖန်," သူယဥ်ကျေးစွာ အစပြုမေးလာသည်။

"Mr. ချန်ရဲ့ မွေးနေ့စားပွဲကို ဒီညတတ်ဖြစ်မှာလား? သွားဖြစ်ရင် ကျွန်တော်တို့ အတူတူ သွားကြမလား?"

သူမအမေ တုံ့ဆိုင်းနေတာကိုကြည့်ပြီး ချူရှောင်းကြားဖြတ်ပြောလာသည်။

"အမေ နေမကောင်းဘူးလား? သမီးအစားသွားပေးမယ်၊ ဒါဆို အိမ်စောစောပြန်ပြီး အနားယူလို့ ရတာပေါ့။ အဖေကလည်း အိမ်ပြန်မလာသေးတော့ သမီးမှာ ဘယ်လိုပဲဖြစ်ဖြစ် အိမ်စာတွေက အများကြီးရယ်။ လုံလုံလောက်လောက် အနားယူပါနော်။ စိတ်မပူပါနဲ့။ အမေ့ကိုယ်စား mr.ချန်ကို တောင်းပန်လိုက်ပါ့မယ်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now