RVTIACF Chapter-(40)

1.4K 192 6
                                    

CHAPTER-(40)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရှောင်းဟန်နဲ့ချူရှောင်းတို့ ချန်မိသားစုနေအိမ်ကို ရောက်တဲ့အခါ ဧည့်သည်ထက်ဝက်ကျော်ကျော်လောက်က ရောက်နှင့်နေပြီဖြစ်သည်။ မျက်နှာအသီးသီးမှာ ပြည့်စုံတဲ့အပြုံးလေးတွေ ချိတ်ဆွဲထားရင်း နှစ်ယောက်တစ်အုပ်စု၊ သုံးယောက်တစ်အုပ်စု စကားပြောနေတဲ့သူတွေက စားပွဲခန်းမကြီးထဲ အရက်သောက်ရင်း လောင်းကစားလုပ်နေကြသည်။

ဒီဧည့်သည်အုပ်စုထဲမှာ ပါဝင်နေတာကတော့ ယိမိသားစုနဲ့ လူသစ်ကလေး အနေနဲ့ပွဲကို တတ်ရောက်လာတဲ့ ယိချန်တို့ဖြစ်လေသည်။ သူက အမျိုးသမီးတွဲဖက်လေး တစ်ဦးကိုတောင်ခေါ်လာပြီး သူတို့နှစ်ယောက်က ဆန်ဂျေးနဲ့ယိကျန့်ဟုန်နောက်က ထပ်ကြပ်မကွာ လိုက်လာကြ၏။ ယိချန်ရဲ့အဖော်က သန့်စင်တဲ့အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စိန်ချိတ်ငယ်လေးတွေနဲ့ ချည်နှောင်ထားတဲ့ အနက်ရောင်ဆံပင်ခွေပုံစံ ဆံပင်ပုံသွင်းထား၏။ သူမပုံက သန့်စင်ရိုးရှင်းတဲ့ မင်းသမီးငယ်လေး တစ်ပါးလိုပင်။

ချန်မိသားစုက ဝင်ပေါက်နားမှာ သူတို့ကိုချီးမွမ်းစကားပြောရင်း နှုတ်ဆက်ကာ ကြိုဆိုကြ၏။

အနားရောက်တော့ တစ်စုံတစ်ယောက်က ယိချန်ရဲ့တွဲဖက်ကို သတိပြုမိသွား၏။

"အဲ့ဒါချူရှောင်းလား? သူတို့မိသားစု စေ့စပ်ပွဲဖျက်လိုက်ပြီ ကြားတယ်?"

သူတို့ တီတိုးပြောကြသည်။

"ငါ...ချူရှောင်းလို့တော့ မထင်ဘူးနော်။ ငါမှတ်မိတဲ့ချူရှောင်းက ဒီပုံစံမဟုတ်ဘူး။ ဒါပေမယ့် ချူမိသားစုသမီးကို မတွေ့တာအတော်ကြာပြီမလို့ ရေးတေးတေးပဲ မှတ်မိတော့တယ်။
...သူကတကယ်ပဲ ချူရှောင်းလား?"

ချူရှောင်းနဲ့တစ်တန်းထဲတတ်တဲ့ ချမ်းသာတဲ့မိသားစုက မိန်းမငယ်လေးက အဖော်ကိုအကြိမ်တော်တော်များများ ကြည့်ပြီးနှာမှုတ်လိုက်၏။

"သူက ဘယ်လိုလုပ် ချူရှောင်းဖြစ်မှာလဲ? အဲ့ကောင်မလေးရဲ့ပုံစံက ချူရှောင်းနဲ့ အဲ့အကူကောင်မလေးရဲ့ ပုံစံပေါင်းထားတာမှန်း အသိသာကြီးကို။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now