Part-(17)

27 1 0
                                    

(Unicode)

ကားကိုအရှိန်ကုန်တင်ထားပြီး ကားတွေကြားမှ ကျော်ဖြတ်ရင်း gameတစ်ခုလိုမောင်းနှင်နေသည်။တကယ်ကို ကြောက်လန့်စရာဖြစ်သည်။အခုအချိန်များ လွဲမှားပြီး တိုက်မိခဲ့သော် နှစ်ယောက်လုံး အသက်ဘေးကလွတ်မည်မထင်။

"ငါ့ကိုဒီလို ညှဉ်းဆဲမယ့်အစား အခုဘဲ သေလိုက်ကြရအောင်လား....ဆောကုဋေရန်....."

"ခင်ဗျားက တကယ်ဘဲသေချင်နေပြီလား ခွန်းရိပ်မြူ!...."

"အေး ငါသေချင်နေပြီ....အခုလိုမောင်းနေမယ့်အစားတစ်ခုခုကိုဝင်တိုက်လိုက်စမ်းပါ....."

"ခင်ဗျားကိုပေးမသေနိုင်ဘူး ခွန်းရိပ်မြူ....ကျုပ်လို ခံစားစေချင်သေးတယ်...."

"ဘာကိုလဲ! မင်းက ဘာကိုခံစားနေရလို့ ငါကလိုက်ခံစားပေးရမှာလဲ....."

"ခင်ဗျားမသိဘူးလား....ဟမ်!....."

ကားစီယာတိုင်ကိုလက်ဖြင့်ခပ်ပြင်းပြင်းပုတ်လိုက်ကာ ပိုလို့အရှိန်တင်လိုက်ပါသည်။ခွန်းရိပ်မြူငိုချင်လာပြီဖြစ်သည်။အကြောက်တရားနှင့်တခြားသော ခံစားချက်တွေရောထွေးလာကာ ရူးချင်လာပါသည်။

"ငါ့ကိုသတ်မယ်ဆိုလဲ ဒီအတိုင်းသတ်ပါ ဆောကုဋေရန်ရယ်.....အခုဟာက ငါရော မင်းရော သေမလို ပင်ပန်းနေရတယ်လေ....."

"ကျုပ်လောက်တော့ ခင်ဗျား မပင်ပန်းနိုင်ဘူး ခွန်းရိပ်မြူ.....ဘောင်ပြင်ရောက်နေတဲ့ကျုပ်လောက် သူများအချစ်တွေမှာသာယာနေတဲ့ ခင်ဗျား မပင်ပန်းရဘူး....."

"ဘယ်သူ့အချစ်လဲ ဆောကုဋေရန်.....ငါကိုယ်တိုင်တောင်မသိတော့လို့ ပြောစမ်းပါ....."

"နားအရသာခံဖို့လား ခင်ဗျား!...."

"မင်း ကောင်းနဲ့ကိစ္စကိုမကျေနပ်တာလား....ဆုလင်းလဲ့နဲ့မင်္ဂလာပွဲကို မကျေနပ်နိုင်တာလား....."

"မဟုတ်ဖူး ခွန်းရိပ်မြူ.....ခင်ဗျားကိုမကျေနပ်နိုင်တာ.....ကျုပ်ရင်ထဲဝင်တုန်းက ဝင်လာပြီး စိတ်ကြိုက်ပြန်ထွက်သွားတဲ့ ခင်ဗျားကြောင့် ကျုပ်အခုလိုဖြစ်နေတာ....."

ခွန်းရိပ်တစ်စုံတစ်ရာမှ မပြောနိုင်ဘဲ ခါးပတ်ကိုဆုတ်ကိုင်ကာငြိမ်သက်စွာထိုင်လျက်ဖြစ်သည်။ထိုတိတ်ဆိတ်မှုဟာ ကျယ်လောက်လွန်းပါ​၏။ ထိုစကားထုတ်ပြောလိုက်သူလဲ သူ့ဟာသူ နောင်တတအဖွယ်ဖွယ်ရလို့နေပြီဖြစ်သည်လေ။

You've reached the end of published parts.

⏰ Last updated: Aug 04 ⏰

Add this story to your Library to get notified about new parts!

Mg's Obsession Where stories live. Discover now