RVTIACF Chapter-(41)

1.4K 220 9
                                    

CHAPTER-(41)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

သူပထမဆုံး ရှောင်းဟန်ကိုနှုတ်ဆက်ပြီး သူမကိုအမူအရာ ပြလာသည်။

"Mr.ရှောင်း သူမက....?"

ရှောင်းဟန် သူမကိုသူနဲ့ မိတ်ဆက်ပေးလိုက်သည်။

"သူမက အရှေ့ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာချူနဲ့ဒါရိုက်တာဖန်တို့ရဲ့သမီး miss ချူရှောင်းပါ။"

ချူရှောင်းပြုံးလိုက်၏။

"Mr.ချန် ကျွန်မအမေက သိပ်နေလို့မကောင်းလို့ ဒီနေ့စားပွဲကို မတတ်နိုင်ဘူး။ ဒါကြောင့် မိဘတွေကိုယ်စား ကျွန်မကပဲဝမ်းမြောက်စကား လာပြောတာပါ။ ရိုင်းပြသလိုများ ဖြစ်သွားရင် ကျွန်မတို့ကိုခွင့်လွှတ်ပေးပါ။"

"ဒီတော့ မိန်းကလေးက missချူပေါ့။ စိတ်မပူပါနဲ့ missချူ ဒါရိုက်တာဖန်ရဲ့ ကျန်းမာရေးက အရမ်းအရေးကြီးတယ်။ အခု ကျေးဇူးပြုပြီး အထဲကိုဝင်ထိုင်ပါ။ ကျွန်တော်အဖေက ဝမ်းကွဲတွေနဲ့ စကားပြောနေတာ မင်းတို့နှစ်ယောက် အထဲဝင်ပြီး သူတို့နဲ့တွေ့ပါလား?"

သူတို့မျှော်လင့်ထားတာထက် Mr.ချန်က ပိုပြီးသဘောထားပွင့်လင်းကာ ချန်မိသားစုရဲ့ အင်အားကသတိထားလောက်စရာပေမယ့် Mr.ချန်ကတော့ အတော်လေးနှိမ့်ချတတ်သည်။

ဧည့်သည်တွေထပ်ရောက်မလာခင်ထိ သူတို့တွေလမ်းလျောက်နေကြပြီး Mr.ချန်က ဧည့်သည်သစ်တွေကို ကြိုဆိုဖို့ အကြောင်းပြချက်ပေးပြီး ထွက်သွားတော့သည်။

ရှောင်းဟန်က ချူရှောင်းနားနား သူ့နှုတ်ခမ်းပါးတွေကို ကပ်ပြီး

"Mr.ချန်က စီနီယာMr.ချန်ရဲ့ တတိယသားပဲ။ သူကချိုသာတယ် နားလည်ရခက်ပြီး မိတ်ဆွေတွေနဲ့အဆက်အသွယ်တွေ လုပ်တဲ့နေရာမှာတော်တယ်။ ခြုံကြည့်ရင်တော့ သူကကောင်းတဲ့သူပါ။ ကျရှုံးနေတဲ့ လူတစ်ယောက်ကို ဘယ်တော့မှဒုက္ခပေးမှာ မဟုတ်ဘူး။ ပတ်သတ်ကြည့်ဖို့ အဖြစ်နိုင်ဆုံးလူက သူပဲ။"

ချူရှောင်း ခေါင်းလေးငဲ့ရင်း သူ့ကိုပြုံးပြလိုက်သည်။

"ဒါက မိန်းမလှလေးတစ်ယောက်လို ကျကျနနဝတ်လိုက်တာရဲ့ အကျိုးတွေပေါ့လေ။ အရင်တုန်းက Mr.ရှောင်းက ဒီလိုစိတ်အားထက်သန်ပြီး နွေးထွေးတဲ့သူ မဟုတ်ပါဘူး။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now