အခန်း(၆၈)

876 162 0
                                    

                   <ကျန်ရစ်ခဲ့သူများ>

အနက်ရောင် အခိုးအငွေ့လုံးကား တဖြည်းဖြည်း နီးကပ်လာချေပြီ။အလွန် လျှင်မြန်စွာဖြင့် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။လူတိုင်းသည် အခိုးအငွေ့လုံးထဲမှ နတ်မိစ္ဆာ၏ ရုပ်သွင်ကို မြင်ပြီး ဘာဆက်ဖြစ်တော့မည်ကို သဘောပေါက်သွားကြသည်။ကြောက်ရွံ့စိတ်ကြောင့် ဦးခေါင်းထဲတွင်ပါ ဗလာကျင်းသွားရလေသည်။

အပြင်ဆောင်တပည့်များသည် ဘာလုပ်ရမည်ကို မသိဘဲ ကြောက်လန့်တကြား ထွက်ပြေးလာကြသည်။နောက်ဆုံးတွင် သူတို့အားလုံးသည် သတ္တိမွေး၍ အတွင်းဆောင်ထဲသို့ ဝင်လာကြသည်။သို့ရာတွင် ကျန်ရစ်ခဲ့သော အတွင်းဆောင်တပည့်များမှာလည်း ခိုကိုးရာမရှိဘဲ သူတို့နည်းတူ သွေး
ပျက်နေကြခြင်းကိုသာ မြင်လိုက်ရသည်။

သူတို့အားလုံးသည် ဦးဆောင်ကာကွယ်ပေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာတွေ့ရန် ဆုတောင်းလျက် တံခွန်တိမ်တိုက်ဂိုဏ်းထဲတွင် ခြေဦးတည့်ရာ ပြေးလွှားနေရုံသာ။

သို့သော် အချည်းနှီးဖြစ်ခဲ့သည်။အတွင်းဆောင်တပည့်အများစုသည် အကြီးအကဲများနှင့်အတူ အခြားတစ်နေရာသို့ ထွက်ပြေးသွားချေပြီ။နော
က်ဆုံးတွင် ခန်းမဆောင် အနီးရှိ တောအုပ်ထဲသို့ လျှောက်လာပြီး ဝမ်ရွှမ့်ကို မြင်လိုက်ကြသည်။

ထိုအချိန်တွင် ဝမ်ရွှမ်သည် ကျန်းရီနှင့် ရပ်၍ စကားပြောနေဆဲဖြစ်သည်။

"ဒီလိုဖြစ်လာမယ်ဆိုတာ မင်း သိထားပြီးသားလား?"

"နည်းနည်းပေါ့"

ကျန်းရီက မျက်မှောင်ကြုတ်လိုက်သည်။

"ဖြစ်ကိုဖြစ်လာမှာပဲလေ"

ဤစကားကိုဆိုပြီးနောက် ကျန်းရီသည် အစောပိုင်းတုန်းက သူလုပ်ခဲ့သော လုပ်ရပ်များ၏ အ
ကျိုးဆက်ကို ဝမ်ရွှမ် လက်မခံနိုင်ဘဲ စိတ်ဆိုးသွားမည်ကို စိုးထင့်သွားမိသည်။သို့သော် ဝမ်ရွှမ်က ကူကယ်ရာမဲ့စွာ ပြုံးပြလာခဲ့သည်။

"မင်းမှာလည်း ဒီထက်ပိုကောင်းတဲ့ နည်းလမ်းမရှိလို့ လုပ်ခဲ့ရတယ်ဆိုတာ ငါနားလည်ပါတယ်"

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now