Part - 70 Final Part ( Zg + Uni)

6.6K 237 6
                                    


☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 70 ) ဇာတ်သိမ်းပိုင်း

" ဘာလို့ ရန်ကဖြစ်တဲ့ အပြင် သူများ
ဘောင်းဘီကို သွားချွတ်ရတာလဲ ပိုးလွန်းငယ် "

ဆရာမ ဖုန်းဆက်ခေါ်လို့ မာမီနဲ့ ဒယ်ဒီတို့
ရောက်လာကြသည်။ ဦးဦးမိုက်၊  ဦးခြားနားနဲ့
ဦးသွေးသစ်တို့ ပါသည်။

အခုလည်း မာမီ ဝင်ရှင်းပေးလို့ အမှုက
ပြီးသွားပေမဲ့ ကျောင်းက စိန်ပန်းပင်ကြီး
အောက် ခေါ်ကာ ပိုးငယ် ကို ဆူနေလေသည်။
ကိုကိုဘုန်းခေါင် ကတော့ မာမီ စိတ်ဆိုး
နေမှန်းသိလို့ တုတ်တုတ်မျှမလှုပ်။

" မာမီ မေးနေတာကြားလား ပိုးလွန်းငယ်
ဘာလို့ ရန်ဖြစ်ရတာလဲ... ??
ရန်ဖြစ်တဲ့အပြင် ဘာကိစ္စ အဲ့ကောင်လေး
ရဲ့ ဘောင်းဘီကို သွားချွတ်ရတာလဲလို့.. "

"  ဒေါ်ဖြူဖြူ ရယ် ကလေးကို မဆူပါနဲ့နော် "

" မောင် မေ့နေပြီလား မနက်ကပဲ
ကလေးတွေကို ဖြူဖြူ ဆုံးမရင်
မောင် ဝင်မပါဘူး ပြောထားတာလေ "

လွန်ကြိုးဖြူဖြူ စကားကြောင့် ခေါင်ယံမှိုင်း
နောက်ထပ်အသံမထွက်နိုင်အောင်ပေ။
ကျန်တဲ့လူတွေမှာလည်း ခေါင်ယံမှိုင်း မ.ယ.က
ဖြစ်နေတာကို ပြုံးစိစိနဲ့ ကြည့်နေလေသည်။

ထိုအခါ ခေါင်ယံမှိုင်းမှာ ငါ့က ဒေါ်ဖြူဖြူကို
ကြောက်လို့ မ.ယ.က တာ မဟုတ်ဘူး
ချစ်လို့ မ.ယ.က ဆိုတဲ့ မျက်နှာပေးနဲ့ပြန်
ကြည့်နေလေသည်။
သို့သော် ခေါင်ယံမှိုင်း ရဲ့ ထိုမျက်နှာပေးက
သမီးဖြစ်သူ ပိုးလွန်းငယ် ဆီက စကားသံ
ထွက်ပေါ်လာတဲ့အခါ ဘာရုပ်ကြီးမှန်း
မသိအောင် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

" ဒယ်ဒီ သင်ပေးထားလို့ပါ မာမီ..
ဒယ်ဒီက တစ်ဖက်လူကို မရှူံးစေနဲ့တဲ့
ယောင်္ကျားလေး နေနေ မိန်းကလေးနေနေ
မနိုင်ရင် နိုင်တဲ့ဟာကိုသာ ဆွဲလုပ်ခဲ့တဲ့...
အရှက်လည်း ခွဲပေးခဲ့တဲ့.. အဲ့တာ ပိုးငယ်
အရှက်ပဲ ခွဲလိုက်တာ သူ့ ဟာလေးက
ပဲမြစ်လောက်​ သေးနေတော့ ပိုးငယ်
ရန်တုဖြစ်ရမှာ ရှက်တယ် "

" ပိုးလွန်းငယ်...!!  "

လွန်ကြိုးဖြူဖြူရဲ့ အော်သံကြီး၊  ခေါင်ယံမှိုင်း
ရဲ့ သမီးဖြစ်သူ စကားကို အားကျနေတဲ့
အကြည့်ကြီး သို့သော် လွန်ကြိုးဖြူဖြူ
စိတ်ဆိုးနေမှန်း သိတော့ သူ့ခမျာ ပေါ်တင်
အားမကျရဲ။

🎉 You've finished reading အချစ်က သူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) 🎉
အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now