Arc[2.10]

1.6K 130 1
                                    

[Unicode]

ဟောက်လုံ ပွဲစကတည်းက သူ့ရဲ့ ယွိအာလေးကိုကြည့်နေတာဖြစ်သည် ။စားချင်တာ ယူခိုင်းပြီး သံစဉ်နားထောင်နေပုံလေးကို ကြည်နေမိသည်။ အောက်ဘက်မှာ ဘယ်လိုကနေ တီးနေ လဲသူမသိ သူသိတာက မုန့်စားကာပျော်နေသူလေးကို ဖြစ်သည်။ သူကြည့်နေတုန်း မျက်နှာက ချက်ချင်းတည်သွားကာ သူလက်ကို ကိုင်လာတဲ့ယွိအာကြောင့် သူမှာစိုးရိမ်သွား ရတော့သည်။

______________________
ဟောက်လုံ{ယွိအာ ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်နေလို့လား}

ယွိလျန်{ဘာ ဘာမှမဖြစ်ပါဘူးအရှင် ဒီအတိုင်း နည်းနည်းလေးပျင်းလာသလို ခံစားရလို့ပါ}

ဟောက်လုံ{အဆောင်ပြန် အနားယူချင်ပြီလား}

ယွိလျန်{ဟင့်အင်း အရှင်နဲ့အတူ နေဉီးမှာ }

သူတို့စကားပြောနေတုန်း ဇာတ်လိုက်မရဲ့ကပြမှုက ပြီးဆုံးသွားတော့သည် ။

yz " host ကျောက်အမတ်ကြီးရဲ့ တပ်သားတွေကိုယ်ထင်ပြတော့မယ်"

ယွိလျန်" အင်း သိပြီ"

ဇာတ်လိုက်မပြီးတာနဲ့ ခနကြာတော့ ပန်းပွဲတော်ရှိလူများအားလုံးဟာ အရိုးပျော့ဆေးကြောင့် လဲကျကုန်တော့သည် ။ သိုင်းမတတ်တဲ့သူတွေကတော့ မလှုပ်နိုင်ရုံသာဖြစ်ပေမဲ့သိုင်းပညာတတ်တဲ့သူတွေကတော့ သွေးတစ်ဗွက်ဆီအန်လိုက်မိသည် ။အဲအချိန်မှာပဲ့ သူဘေးတွင်ထိုင်နေတဲ့ အရှင်မှာလည်း သွေးအန်လိုက်တဲ့အသံကို ကြားလိုက်ရသည်။

ယွိလျန်{အရှင်!! ဘာဖြစ်လို့လဲ !!အဆိပ်များမိလိုလား တစ်ခုခုဖြစ်နေတာလား အရှင်!!}

ယွိလျန်" ရိကျန့် အရှင်က..."

Yz " စိတ်မပူပါနဲ့ host လင်ကဟန်ဆောင်နေတာပါ ပြီးတော့ မိဖုရားကြီးလည်း အတူတူပါပဲ့ ဟန်ဆောင်ပြီး ဆေးမိသလို လုပ်ပြနေရုံပါ"

အဲတော့မှသူလည်း စိတ်အေးသွားရတော့သည် ။အပြင်မှာကတော့ အလွန်စိတ်ပူနေဟန်လေးပေါ့ ။သူစိတ်ပူနေတာမြင်တော့ အရှင်က သူကိုလေသံဖြေးဖြေးလေးနဲ့ ပြောလာတော့သည်။

ဟောက်လုံ{ကိုယ်တော် ဘာမှမဖြစ်ဘူး ယွိအာ ကိုယ်တော်ကဟန်ဆောင်နေရုံပါ အဲတော့မှပုန်ကန်ချင်တဲ့သူတွေက ထွက်လာမှာလေ}

A System For Lazy PeopleWhere stories live. Discover now