Love piano🌸Ep.10

665 35 0
                                    

(Unicode )
{လေးရက်မြောက်နေ့တွင် ရှောင်းကျန့်တို့ ရောက်သွားလေသည်}
{ထိုမြို့ကို ဝင်သွားတော့ လူများဟာ အရေပြား တွေဟာ အရေပြားနဲ့ပင်မတူတော့ပဲ ဖားတစ်ကောင်လို အရည်ပြားတစ်မျိုးဖြစ်လို့နေသည် အမတ်မင်းပြောသလိုပါပဲ လူလပ်ပိုင်းတွေမှာသာ ထိုရောဂါရှိသည် }

"မင်းကြီး ဒီရောဂါကအတော်ထူးဆန်းတယ်မထင်ဘူးလား ဘာ့လို့ လူလပ်ပိုင်းတွေမှ ရွေးပြီးဖြစ်တာလဲ

"ဒီရောဂါက ကိုယ်ခံသွေးသားကို စားသုံးတာ သက်ကြီးရွယ်အိုတွေဆိုရင် အသွေးအသားတွေ ခမ်းနေပြီ ကလေးငယ်တွေဆိုလဲ ကိုယ်ခံ သွေးသားက ဆန်စိသာလောက်ပဲ ရှိအုံးမယ် လူလပ်ပိုင်းတွေက နုပျိုတဲ့အပြင် ကိုယ်ခံသွေးသားလဲကောင်းပြီး အားအင်လဲ ကြီးမားတယ်{ဒါက ရောဂါ မဟုတ်ဘူး လူတစ်ယောက်ရဲ့ အသွေးအသား စုပ်တာကို ခံနေရတာ}

"ဪ အရှင်က သိတာများလိုက်တာ

{ဆေးပညာရှင်ပီပီ အသေအချာအတိအကျ ပြောပြနေနဲ့ ရှောင်းကျန့်ကို ဝမ်တစ်ယောက် ပြုံးပြီး ကြည့်နေမိတာကလွဲလို့ စကားဝိုင်းထဲတွင် ဝင်မပြောမိပါ}

"ဒါဆို အရှင် ဒီလူတွေကိုကျွန်တော်တို့ ဘယ်လိုကယ်မလဲ

"သူတို့တွေက ကိုယ်ခံအားအင် မရှိတော့တာမျိုး ရက်အနည်းငယ်ထိ အားအင်ပြည့်စေတဲ့ အစားအစာ နဲ့ဆေးရည်တိုက်ရင် အဆင်ပြေပါတယ် " တစ်ခု သတိထားရမှာက သူတို့ဆီက လေတစ်စက်ကိုမှ မရှုမိစေနဲ့ သူတို့ကိုယ်ပေါ်က အရည်ပြားတွေကိုလဲ မထိမိစေနဲ့ အရည်ပြားကတော့ ရောဂါတစ်မျိုးပဲ " ငါတို့ကို မျက်စိလည်အောင် အရည်ပြား ရောဂါဖြစ်အောင် တမင်လုပ်ထားကျတာ

"ဒါဆို အဲ့လိုလုပ်တဲ့သူရဲ့ ရည်ရွယ်ချက်ကဘာလဲ

"ရည်ရွယ်ချက်လား .......?

"လူတစ်ယောက်ကို နန်းတော်အပြင်ထွက်စေချင်လို့နေမယ်

"အပြင်ထွက်စေချင်တာ ...?

{ဝမ်၏ စကားကြောင့် ရင်ထဲစိတ်ပူမိသွားလေသည်ကာ ရှောင်းကျန့်သာ သူဘယ်လောက် စိတ်ပူနေသည်ကာ သူ့မျက်ဝန်းတွေမှာ ပေါ်လွင်လို့နေသည}

{ရှောင်းကျန့်တို့ မြို့သာမြို့သားများအတွက် ဆေးဖော်ရန် တောင်ပေါ်သို့တက်ခါ ဆေးမြစ်ရှာဖွေရတော့လေသည်}
{မင်းသား တစ်ပါးဖြစ်တဲ့ ရှောင်းကျန့်ဟာ တိုက်ခိုက်ရည်မှာ သန်မာသော်လဲ ယခုလို အချိန်အကြာကြီး လမ်းမလျှောက်နိုင်ပါ အပူဒဏ်လဲ မခံနိုင်တာမို့ အတော်လေး မောနေပါပြီ}

(Completed) (Season.1)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now