671 - 675

157 8 0
                                    

Chapter 671 အဆင့် ရှစ် နတ်ဆိုးသားရဲနဲ့ တိုက်ပွဲ
Translated by Thura

ယန်ချီရဲ့ မေးခွန်းကြောင့် အဆင့် ရှစ် နတ်ဆိုးသားရဲလည်း အံ့အားသင့်သွားခဲ့တယ်။

ယန်ချီက ဒီလို မေးခွန်းမျိုး မေးလိမ့်မယ်လို့ သူ မထင်ထားမိပါဘူး။

“သူနဲ့ ရင်ဆိုင်မိတာတောင် သူက မကြောက့်ရွံ့ဘူးလား”

“လူသား နဂါးပိုင်းဖြတ်ခြင်းနည်းစနစ် တဝက်က ငါ့ခန္ဓာကိုယ်ထဲမှာ”

အဆင့် ရှစ် နတ်ဆိုးသားရဲ အနေနဲ့ ယန်ချီ ဘယ်လိုမှ လွတ်မြောက်နိုင်စွမ်း မရှိတာကို သိနေတာကြောင့် သူ ပြောပြလိုက်လဲ ကိစ္စ မရှိပါဘူး။

“ဒါပေမယ့် ငါ နားမလည်တာ တစ်ခုရှိတယ်”

အဆင့် ရှစ် နတ်ဆိုးသားရဲ က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။ “မင်းက ငါ့နဲ့ မျက်နှာချင်း ဆိုင်မိနေတာတောင် ဘာကြောင့် ဒီလောက် တည်ငြိမ်နေတာလဲ”

ယန်ချီက အဆင့် ရှစ် နတ်ဆိုးသားရဲ ရဲ့ စကားကြောင့် ခေါင်းကို တိတ်တဆိတ် ခါယမ်းမိလိုက်တယ်။

“သူ့အနေနဲ့ ဘာကြောင့် ဒီလို စကားတွေကို အမြဲကြားရတာလဲ”

“ဘာကြောင့်လဲဆိုတော့ ဒီနေ့ ငါ ဒီကို ရောက်လာတာ နဂါးပိုင်းဖြတ်ခြင်းနည်းစနစ် တဝက်ကို ယူဖို့ ရောက်လာတာကြောင့်လေ”

ယန်ချီက အဆင့် ရှစ် နတ်ဆိုးသားရဲ ကို ပုံမှန်အတိုင်း တည်ငြိမ်စွာေ ပြာလိုက်တယ်။

ဒီစကားကို ကြားတော့ အဆင့် ရှစ် နတ်ဆိုးသားရဲရဲ့ မျက်နှာက အလွန်တရာ မဲမှောင်သွားခဲ့ပြီး အေးတိအေးစက် ဖြစ်သွားခဲ့တယ်။

“လူသား မင်းရဲ့ အပြုအမူတွေက ကိုယ့်ကိုယ်ကို သတ်သေတဲ့ အပြုအမူတွေပဲ”

အဆင့် ရှစ် နတ်ဆိုးသားရဲ ရဲ့ အမြင်မှာတော့ ကောင်းကင်ကြီးက ပြိုလဲသွားပါစေ ယန်ချီအနေနဲ့ ဘယ်လိုမှ အသက်ရှင် လွှတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။

“ဟုတ်ပါ့မလား”

အဆင့် ရှစ် နတ်ဆိုးသားရဲ ရဲ့ စကားကြောင့် ယန်ချီရဲ့ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာထက်မှာ လှောင်ပြောင်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now