Part - 51

17.4K 825 41
                                    

Unicode

ဆေးရုံကုတင်ပေါ်အကျအနထိုင်ကာ အရုပ်ဆက်နေတဲ့မီးငယ်နဲ့နဂါးကြောင့် လေထုကအေးစက်နေသည်။သူနဲ့ထင်လင်းသိုက်ကို စကားတစ်ခွန်းမပြောသလို ၊ဘယ်လိုခေါ်ခေါ်
လှည့်ကြည့်လာခြင်းလည်းမရှိပဲ မီးငယ်ကလျစ်လျူရှူထားရင်းဖြင့်သာ....

"မီးငယ်လေး ... အန်ကယ့်သမီးလေး။ဒီမှာကွာ
အန်ကယ်က မီးငယ်အတွက် အရုပ်လေးတွေ
ဝယ်လာတာ မရချင်ဘူးလား"

ဝယ်လာတဲ့Hello kittyရုပ်လေးကိုထုတ်ပြပြီး
ချော့ပေမဲ့ မီးငယ်ကကြည့်မလာပါ။အကူအညီရလိုရငြား နဂါးကိုမျက်နှာငယ်လေးနဲ့ကြည့်လိုက်ပေမဲ့ သူကလည်း ကိုယ့်ကိုမျက်နှာချက်ချင်းလွဲသည်။

"နဂါး မင်းကပါမောင့်ကိုစိတ်ဆိုးနေတာလားကွာ"

"ဆိုးစရာဘာအကြောင်းရှိလဲ"

"အဲ့တာဆို မီးငယ်ကိုချော့ကူအုံးလေ"

"အပြစ်လုပ်တာ မင်းလား...ငါလား"

"မောင်က မင်းရဲ့မောင်လေကွာ။မတူဘူးလား"

"ကလေးရှေ့အဆဲမခံချင်ရင် စကားပြောဆင်ခြင်။မင်း​ေ-စာက်ပစ်ကို ငါ့ဘက်လွဲချမလာနဲ့"

"ဟား "

ဂုဏ်နဂါးရောပါစိတ်ကောက်နေတယ်ဆိုတာ
မင်းသန့်နားလည်လိုက်ပြီ။နေပါအုံး မီးငယ်စိတ်ကောက်ရတဲ့အကြောင်းကိုသိပေမဲ့ နဂါးက
ဘာအတွက်စိတ်ကောက်ရတာလဲ။ထိုအကြောင်းအရင်းကို သူစဥ်းစားမရပေ။

"ကလေးလေးရော၊ကလေးကြီးရောက
စိတ်ကောက်နေတာပါလား"

"ဘောကိုကလေးကြီး။ကလေးကြီးခေါ်ရင် မင်းရည်းစားတွေကိုသွားခေါ် ...ငါ့ကို ရှုပ်ရှုပ်ယှက်ယှက် လာမလုပ်နဲ့"

"မောင်ကဘယ်ရည်းစားကိုသွားခေါ်ရမှာလဲ။
အဟမ်း ... မင်းလည်းသိပါတယ် မောင့်မှာ
ရည်းစားကများတယ်မဟုတ်လား။
မောင်ကဆော်ကြည်တယ်လေဗျာ"

အင်္ကျီကော်လံကိုပင့်ကာ စပ်ဖြီးဖြီးနဲ့ပြောနေတဲ့
အန်ကယ့်သန့်ကြောင့် စိတ်ဆိုးနေတဲ့ကြားက
ရေချယ်ရယ်ချင်လာပြီ။အဲ့ဒီရည်းစားကိစ္စကြောင့် စိတ်ဆိုးနေတဲ့လူကို ရည်းစားများကြောင်း
သေချာလေးကိုမှ ကြွားနေတာ။ဆော်ကြည်ပေမဲ့
အန်ကယ်နဂါးကတော့ မကြည်တော့ဘူးလေ။

HUSBAND:DaddyWhere stories live. Discover now