အပိုင်း၆၄
"အဘွား ကျွန်တော်တို့ သွားတော့မယ် ၊ဘာမှာ ဦးမလဲ "
ဒေါ်စိန်မြသည် ဧည့်ခန်းထဲ ပုတီးထိုင်စိပ်နေရာမှ
အသံကြောင့် လှည့်ကြည့်လိုက်လျှင် ကဲကဲသဲသဲမြေးတို့ စုံတွဲကိုတွေ့ရသည် ။
အထဲကထွက်လာတာ ရိုးရိုးထွက်မလာ
မြေးကလည်း မြေးမ ပုခုံးကိုဖက်ထားသလို
မြေးမကလည်း မြေးခါးကို ဖက်ထားလေရဲ့ ၊
အခြားသူတွေမှာ အညာနွေ ပူလိုလွန်းနေစရာမရှိချိန် ထိုနှစ်ယောက်ကတော့ ဘယ်အချိန်ကြည့်ကြည့် ပူးလို့ ၊ကပ်လို့
"မမှာတော့ပါဘူးအေ မြန်မြန်သာကြွကြပါ "
ပြောလည်းမရတာမို့ မြန်မြန်သာသွားခိုင်းလိုက်ပြီး ဒေါ်စိန်မြ ပုတီးသာပြန်စိပ်နေလိုက်သည် ။
ဒါတောင် မြေးရဲ့
"အသက်လေး ဈေးရောက်လည်း ကိုယ့်ကိုဖက်ထားနော် ၊လမ်းပျောက်မှာစိုးလို့ " ဟူသော
ခပ်သဲသဲ အသံကိုကကြားလိုက်ရသေးသည် ။
တကတဲလေ လမ်းပျောက်ရအောင် ဟိုကကလေးလည်း မဟုတ်ပါဘဲ
><•><•><•><•><•><•><•><•><•><•><•><
"အသက်လေး ကားထဲဘဲနေခဲ့မလား ၊အပြင်မှာနေပူတယ် "
စွဲညို့သည် ကားကိုလွတ်တဲ့ဘေးချရပ်ပြီး အသက်လေးဘက်လှည့်ကာ မေးလိုက်သည် ။
မနေ့က ဈေးသွားဖို့လုပ်ထားပေမယ့် အသက်လေး ကိုယ်ဝန်ရှိမှန်း သိသွားတာမို့ သူမလေးကိုသာ ဂရုစိုက်ပေးနေရလို့ မသွားဖြစ်ဘဲ အိမ်သို့သာပြန်ခဲ့ရသည် ။
မနက်ရောက်တော့ အသက်လေးကို စိတ်မချကြတာကြောင့် အိမ်ကို အဘွားနဲ့မစု ရောက်ချလာသည် ။အိမ်တွင် အဘွားနဲ့မစုရှိနေတာမို့ စွဲညို့ အသက်လေးကိုထားခဲ့ပြီး တစ်ယောက်ထဲလာဖို့ အစကတွေးထားသော်လည်း၊
မိချွဲလေးက လိုက်ချင်လို့ အတင်းကပ်ချွဲတာမို့ ခေါ်လာခဲ့ရခြင်းဖြစ်သည် ။အသက်လေးပါတော့ ဆိုင်ကယ်နဲ့ဆိုရင် ကရိကထများမှာစိုးတာမို့
ကားနဲ့သာလာခဲ့ကြသည် ။
"ကိုကြီးကလည်း ရောက်ပြီးမှတော့ ဈေးထဲထိလိုက်ချင်တာပေါ့ "
ဆူးခက်သည် ဒီရောက်စကတည်းက ပခုက္ကူဈေး
ဆိုပြီး နာမည်သာကြားဖူးပြီး တစ်ခါမှမရောက်ဖူးသေးပါ ၊အခုရှားရှားပါးပါးရောက်တုန်းလေးမို့ ဈေးထဲထိဝင်ကာ စပ်စုချင်တာကြောင့် ကိုကြီးအား နှုတ်ခမ်းစူကာ ဂျီကျလိုက်သည် ။
STAI LEGGENDO
ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )
Storie d'amoreStart date 2.11.2022 End date 4.4.2023
