.. 100K ..

3.1K 211 19
                                    

မင်္ဂလာပါ မိုရာ ဖြစ်ပါတယ် ။ ဒီနေ့က ချစ်မိပြန်ပြီ မမမြိုင် 100K views ပြည့်သွားတဲ့ ဂုဏ်ယူစရာ နေ့ကလေးပေါ့နော် ။ ခက်ခက်ခဲခဲ ရထားတဲ့ result လေးကို တန်ဖိုးထားတဲ့အနေနဲ့ ဂုဏ်ယူခြင်းပဲ ဖြစ်ပါတယ် ။

မိုရာ့မှာ fan ဆိုတာရော supporters ဆိုတာပါ မရှိတဲ့အတွက်ကြောင့် မိုရာကိုယ်တိုင် fiction gp တကာမှာ ဈေးဗန်းလိုက်ခင်းခဲ့ရတယ် ။ တစ်ချို့ကျတော့လည်း သူငယ်ချင်း အချင်းချင်း ဒီ fic လေးကို ဈေးဗန်းခင်းပေးကြတယ် ။ တကယ် အဖိုးတန် result ဖြစ်လို့ အရမ်းလည်း ပျော်ရွှင်ရတယ် ။

ပြီးတော့ အရမ်းလည်း နာကျင်ခဲ့တယ်ပေါ့နော် ။ ဒါပေမယ့် ဒီနာကျင်မှုက လတ်တလောမှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ် ။ ဒီ fic ကို အမုန်းတွေ ၊ အငြိုးတွေ ၊ နာကျည်းမှုတွေနဲ့ ရေခဲ့တာကြောင့် မိုရာ့ဘဝမှာ တစ်ခါမှ မဖန်တီးဖူးခဲ့တဲ့ လက်ရာမျိုး ဖြစ်လာခဲ့တယ်ပေါ့နော် ။

ဒီ fic ပြီးသွားရင် စာရေးနားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မပြတ်သားနိုင်ခဲ့ဘူး ။ မိုရာ့ရဲ့ ကျန်ရှိနေတဲ့ fiction တွေကိုလည်း လူနည်းစု တစ်စုဆီကို ချပြခဲ့ချင်သေးတယ် ။ ဒါ့ကြောင့် စာရေးဖို့ ဖြစ်လာခဲ့ပြီ ။ ကြိုးစားပါမယ် ။

ပြီးတော့ စာအုပ်ကိစ္စ ။ စာအုပ်က ထုတ်မှာပါ ။ စိတ်ကူးထဲမှာတော့ စာအုပ်က တကယ်ခမ်းခမ်းနားနားကြီးပေါ့နော် ။ result ကိုလည်း ခမ်းခမ်းနားနားဖြစ်အောင် ကြိုးစားပါတယ် ။ အခုတစ်ခါတည်း ပြောလိုက်ရင် ကောင်းမလား ။

မိုရာ့ရဲ့ ရေးသမျှထဲမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ ချစ်မိပြန်ပြီမမမြိုင် ဆိုတဲ့ စာအုပ်လေးထဲမှာ စာဖတ်သူတစ်ချို့ရဲ့ အမှာစာလေးတွေ ထည့်ချင်ပါတယ် ။ တော်တော်များများက စာရေးသူတွေရဲ့ အမှာစာကို ထည့်ကြပေမယ့် မိုရာကတော့ ဇာတ်လမ်းအတိုင်း ထူးထူးဆန်းဆန်းလေး ဖြစ်အောင် စာဖတ်သူတွေရဲ့အမှာစာတစ်ချို့ကို ထည့်ချင်လို့ပါ ။

မိုရာ သဘောကျတဲ့ အမှာစာကို စာအုပ်ထဲမှာ ထည့်ခွင့်ပေးပါ ။ ထည့်ရဲဖို့ အခွင့်အရေးလေး ပေးပေါ့ ။ ဒါဆို ကိုယ်ဖတ်ခဲ့တဲ့ ဇာတ်လမ်းရဲ့ အကြောင်းအရာကို တခြားစာဖတ်သူတွေရဲ့ လက်ထဲကို ထည့်ပေးလို့ရပါပြီ ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now