676 - 680

168 10 0
                                    

Godly Sword System
Chapter 676 မြို့တော်သခင်ရောက်ရှိလာခြင်း
Translated by Thura

ယန်ချီက သူ့လက်ချောင်းကို မြောက်လိုက်တယ်။

သူ့ရဲ့ လက်ချောင်းထက်မှာတော့ အစွမ်းထက် စိတ်ဝိဉာဉ်စွမ်းအားတွေ စုစည်းနေခဲ့တယ်။

ပိုင်လင်းတစ်ယောက်တော့ မယုံနိုင်တဲ့ အန္တရယ်ကြီးရဲ့ ဖိနှိပ်မှုကို ခံစားနေခဲ့ရတယ်။

သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ အလွန်တရာ ကြောက်လန့်မှုတွေ ပြည့်နှက်နေခဲ့တယ်။

သူမအနေနဲ့ ဒီအခိုက်အတန့်က သူမဘဝမှာ အကြောက်လန့်ဆုံး အချိန်ဆိုတာ ကျိန်ဆိုရဲပါတယ်။

ပိုင်လင်းက ယန်ချီရဲ့ လက်ချောင်းထိပ်က အစွမ်းထက် စိတ်ဝိဉာဉ်စွမ်းအားကို ကြည့်ပြီး သူမ မခုခံနိုင်ဘူးဆိုတာ သိပါတယ်။

တိုက်ခိုက်ရေးကွင်းအောက်မှာ ရှိတဲ့ လူတိုင်းက ဒီမြင်းကွင်းကြောင့် ပိုပြီး ထိတ်လန့်နေခဲ့တယ်။

ရုတ်တရက် လက်ချောင်းက ကျဆင်းလာခဲ့တယ်။

ယန်ချီရဲ့ လက်ချောင်းက ပိုင်လင်းရဲ့ ဦးခေါင်းထက်ကို အားအင်အပြည့်နဲ့ ကျဆင်းလာခဲ့တယ်။

ဒီအချိန်မှာတော့ ပိုင်လင်းတစ်ယောက် ငရဲပြည်ကို ရောက်နေသလို ခံစားနေခဲ့ရတယ်။

သူမအနေနဲ့ စိတ်ထဲကနေ နောင်တတွေ ရနေခဲ့တယ်။

အချိန်အတိုင်းအတာ တစ်ခုအထိ သူမအနေနဲ့ သေဖို့ မကြောက်ရွံ့ခဲ့တာ ကြာပါပြီ။

ဒါပေမယ့်အခုတော့ သူမက သေဖို့ ဘယ်လောက်ထိ ကြောက်နေလဲဆိုတာကို သိလိုက်ပါပြီ။

သူမ နောင်တတွေ ရနေခဲ့တယ်။

သူမသာ ယန်ချီက အလွန် ကြောက်စရာ ကောင်းတယ်ဆိုတာ သိခဲ့မယ်ဆိုရင် ဒီနေရာကို သူမ ရောက်လာမှ မဟုတ်ပါဘူး။

ပိုင်လင်းက မျက်လုံးကို မှိတ်ထားလိုက်တယ်။

ယန်ချီရဲ့ လက်ချောင်းသာ သူမရဲ့ ဦးခေါင်းပေါ် ရောက်လာခဲ့ပါက သူမ သေဆုံးရမယ်ဆိုတာ သိလိုက်ပါပြီ။

ပိုင်လင်းအနေနဲ့ မေ့သွားတာတစ်ခုကတော့ ယန်ချီက သူမကို သတ်ချင်စိတ် မရှိတာပါပဲ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now