လူရွေးပွဲအသစ်

2K 254 1
                                    

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၂၀ ။ လူရွေးပွဲအသစ်

တမောက်နှင့် ရှောင်ဖန်းတို့သည် ညစာစားချိန်မတိုင်မီ ပြန်လာခဲ့သည်။ ထောင်မုမှ 'သူရဲကောင်းများ၏ဒဏ္ဍာရီ'တွင် ပါဝင်သရုပ်ခဲ့သည့်အချိန်တွင် ၎င်းတို့နှစ်ဦးသည် အဖွဲ့သားများကိုထမင်းဖိတ်‌ကျွေးခဲ့သည်။ ထောင်မုကို အဖွဲ့သားများမှ ပိုဂရုစိုက်စေရန်နှင့် ရုပ်ရှင်ရိုက်ကူးရာတွင် အဆင်‌ပြေစေရန်အတွက် ထိုကဲ့သို့ ထမင်းဖိတ်‌ကျွေးခဲ့ခြင်းဖြစ်ပါသည်။ ညစာစားချိန် မတိုင်မီ နှစ်ဦးသား အမြန်ပြန်လာရခြင်းမှာ သူတို့သည် အငှားအိမ်တွင် ရှုပ်ပွအောင် ပြုလုပ်ထားသည့်အတွက် ထောင်မု မပြန်လာခင် အမြန်သန့်ရှင်းရေးလုပ်ရန် ဖြစ်သည်။

သို့သော်လည်း ထောင်မုသည် စောစောပြန်လာခဲ့သည်။ တမောက်နှင့် ရှောင်ဖန်းတို့သည် မအံ့ဩနိုင်သေးပဲ အနည်းငယ် အပြစ်ရှိသော အသံဖြင့် "ဒီနေ့မှ ဘာလို့ စောစောပြန်လာတာလဲ?"

ထောင်မုသည် ငွေကြေးနှင့် စည်းမျဉ်းများအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကိုဖတ်ရင်း စားပွဲတွင်ထိုင်နေသည်။ အရင်ဘဝတွင်သူသည် 2018ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ငွေကြေးဈေးကွက်သည် ယေဘုယျအားဖြင့် မှန်းဆ၍မရပေ။ ဆယ်နှစ်တာကာလသည် ပြည်တွင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးဈေးကွက်များတွင် ကြီးမားသည့်အပြောင်းအလဲများဖြစ်ရန် လုံလောက်သည့်အချိန်ဖြစ်သည်။ သူသိထားသည့် မူဝါဒများနှင့် စည်းမျဉ်းများသည် ယခုအချိန်တွင် မည်သည့်အခန်းကဏ္ဍမျှ မပါ၀င်သေးပေ။ အကယ်၍ သူသည် အနာဂတ် အသိပညာကို အခြေခံပြီး လက်ရှိစည်းမျဉ်းများကို ခန့်မှန်း၍ ပြုလုပ်လိုက်မည်ဆိုပါက သတိတစ်ချက်လွှဲသွားသည်နှင့် ကြီးမားသော အမှားများ ဖြစ်ပေါ်စေလိမ့်မည်။

ထို့ကြောင့် ထောင်မုသည် ပြန်လည်မွေးဖွားပြီးနောက်တွင် ဤ "ဟောင်းနွမ်းပုပ်နေသော" အသိပညာကို သတိရှိရှိ ပြန်လည်သုံးသပ်ပြီး ၎င်းကို လက်တွေ့လုပ်ဆောင်မှုများနှင့်ပေါင်းစပ်ကာ သူ့ကိုယ်ပိုင် ချို့ယွင်းချက်များအတွက် ဖြည်းညှင်းစွာ အသုံပြုခဲ့သည်။ တစ်ဖက်တွင် ၎င်းသည် ငွေရှာရန်ဖြစ်ပြီး တစ်ဖက်တွင် လီရှောင်းဟန်ဘက်မှ ဆွေးနွေးလာချိန်တွင် အဆင်သင့်ဖြစ်နေစေရန်ပင်။ ထောင်မုသည် သူ၏မှတ်ဉာဏ်များဖြင့် ခန့်မှန်းခြေခံစားချက်တို့ဖြင့် ပြောကာ လီရှောင်းဟန်စိတ်ထဲမှာ သူ့အနေအထားကို လျှော့ချပစ်မည်မဟုတ်ပေ။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now