အခန်း (၇၃)

1K 178 2
                                    

<ကျန်းရီကဘာဖြစ်လို့ဒီလောက်တောင်ပျော့ညံ့
သွားတာလဲ? >

(T/N. Artist Elliotဆွဲဖူးတဲ့ပုံလေးဟိုးအောက်
ဆုံးမှာထည့်ပေးထားပါတယ်။ဒီအပိုင်းအတွက်လို့ထင်တာကြောင့်ရောခုလက်ရှိဝမ်ရွှမ့်ပုံစံကိုမြင်ယောင်မိစေချင်တာရောကြောင့်ပါ။ကြည့်သွားကြပါအုံးနော်)

မျက်နှာဖုံးအောက်မှ လူသည် နွေးထွေးစွာ ပြုံးပြရင်း ဝမ်ရွှမ့်ကိုယ်ပေါ်မှ အမွှေးနုလေးများကို ညင်
သာစွာ ပွတ်သပ်ပေး၏။

"ရှစ်ရှုန်း၊ မကြောက်ပါနဲ့နော်"

ထိုလူဟာ ကျန်းရီစင်စစ်ဖြစ်ပေသည်။ဝမ်ရွှမ် ဝမ်းသာအားရ အသံပြုပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ယှက်ပြေးလာခဲ့သည်။ခရမ်းတောင်ပံဂိုဏ်း တပည့်များကို ကျန်းရီ မည်
သို့ရင်ဆိုင်ရန် စီစဥ်ထားကြောင်းကိုလည်း သူမသိ၊ထိုတပည့်များအလယ်တွင် ရွှေအမြုတေအဆင့် ခေါင်းဆောင်တစ်ဦး ရှိကြောင်းကိုလည်း မေ့လျော့သွားခဲ့သည်။ကျန်းရီသာ သူ့အနားသို့
ရောက်လာသရွေ့ ကူကယ်ရာမဲ့နေသော အခြေ
အနေမှ ကယ်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ထား
သည်။

"ရှောင်ဆစ်!"

ခရမ်းတောင်ပံဂိုဏ်းမှ မောင်နှမနှစ်ဦးက နောက်တစ်ကြိမ် အော်ဟစ်လာပြန်သည်။သို့ပေမဲ့ ကျန်းရီ မတုံ့ပြန်သေးသည်ကို မြင်ရခြင်းကြောင့် ပို၍ ဒေါသထွက်လာကြသည်။

"အဲ့ဒီမှာဘာလုပ်နေတာလဲ!"

ကျန်းရီက သူတို့ကို ပြန်လှည့်မကြည့်ချေ။ထိုအ
စား ခါးတွင် ချိတ်ဆွဲထားသော ကျောက်တုံးလေးက အနီရောင်ဖျော့ဖျော့ လင်းထိန်လာခဲ့သည်။

ဝမ်ရွှမ်သည် ထိုကျောက်တုံးကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းကြောင့် ယခင်လများတုန်းက ကျန်းရီ တစ်ဦးတည်း ရတနာရှာထွက်စဥ် ရှာတွေ့ခဲ့သော ပစ္စည်းဖြစ်မည်ဟု ယူဆခဲ့သည်။အနီရောင်ဖျော့ဖျော့လင်းထိန်နေသော ကျောက်တုံးတွင် အန္တရာယ်အငွေ့အသက်များ ရောယှက်နေ၍ ခရမ်းတောင်ပံဂိုဏ်း တပည့်များဟာ တစ်
စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သ
တိပြုမိကြသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now