Real Apirl

12.9K 1.1K 157
                                    

Unicode

တွန့်ကြေနေတဲ့အိပ်ယာခင်းတို့နဲ့ ဟိုတစ်စဒီတစ်စ။ပြန့်ကျန်နေသည့်အဝတ်အစားတွေက အနည်းငယ်ရှက်သွေးလွှမ်းစရာအခြေအနေတစ်ခုအသွင်ဆောင်နေလျက်။ဒါ့အပြင် အိပ်ယာပေါ်မှာ ထပ်လျက်ဖြစ်နေသည့်လူနှစ်ယောက်....၊

"အဲ့ အင်္ကျီကို ခင်ဗျားဘာသာချွတ်မလား ကျုပ်ချွတ်ရမလား"

ဇမ်း လက်နှစ်ဖက်နဲ့ ယှက်ကွယ်ထားတဲ့ရင်ဘတ်ကို ခပ်စူးစူးငုံ့မိုးကြည့်ရင်းဆိုတော့ သူ့လူက တစ်ဖက်လှည့်သွားလေသည်။ခပ်ရဲရဲပါးပြင်လေး ပန်းသွေးရောင်ရင့်နေပုံက အနီရောင်ပန်းသီးလေးနှယ်။

"ရွတ်"

"ဇမ်း!မင်း...နော်"

ရုတ်တရပ်ကြီး ပါးပြင်ထဲ ခပ်နစ်နစ်ဝင်လာသည့် ဇမ်းနှာခေါင်းချွန်ချွန်ကြီးကြောင့် ညွှန်းလန့်သွားရကာ ခြေဖျားတွေပင် အေးလားရသလို။

"ချွတ်တော့"

"မချွတ်ဘူးဆို"

"ခင်ဗျားမချွတ်ရင် ကျုပ်ဆွဲဖြဲမှာနော်"

"ဇမ်း"

"အင်း ဇမ်း၊ခင်ဗျား ယောကျ်ား"

ညွှန်းအပေါ်မှာငုံမိုးရင်း ပြောနေတဲ့ ဇမ်းပုံစံက တည်ကြည်မှု့နဲ့ချောမောမှု့တို့က လွှမ်းခြုံနေလေ၏။အင်း....ချောတယ်။

"ခင်ဗျားယောကျာ်းကျုပ်က ချောတာကိုယ့်ကိုကိုယ်သိပါတယ်...၊အဲ့လောက်ထိ မကြည့်နဲ့"

"အရူး"

"အဲ့အရူးက ခင်ဗျား ယောကျ်ားပဲ"

ပြောရင်း ဇမ်းမျက်နှာက ညွှန်းမျက်နှာဆီငုံချလာတာမို့ ညွှန်းမျက်ဝန်းတွေမှိတ်ချကာ ခေါင်းကိုတစ်ဖက်စောင်းပစ်လိုက်၏။ပြီးမှအစောတလျင် စိတ်လှုပ်ရှားနေသည့်အသံတိုးတိုးလေးဖြင့်

"ချွတ်ပေးမယ်...၊ချွတ်မယ်လို့....၊ချွတ်ပေးရင်ရပြီမလား"

ညွှန်းတုန်တုန်ရီရီပြောမှ ဇမ်းက ညွှန်းကိုယ်ပေါ်ဖိထားနေရာကနေ ထလိုက်ကာ ညွှန်းကို ချွတ်ဆိုသည့်ပုံစံဖြင့်ကြည့်သည်။ဇမ်းထပြီးမှ ညွှန်းတွန့်နေသည့်အိပ်ယာထပ်ကနေ ကမန်းကတန်းထကာ အင်္ကျီကြယ်သီးတွေကိုဖြုတ်လိုက်သည်။အောက်မှာ အင်္ကျီတစ်ထပ်ခံနေသေးလို့သာတော်တော့တယ်။ညွှန်းလုပ်သမျှကို မျက်စိမခွာပဲ တစ်စိုက်မတ်မတ်ကြည့်နေသူဇမ်းကြောင့် ညွှန်းမှာကြယ်သီးတွေတောင် ချော်ဖြုတ်မိနေရ၏။ပြီးတာနဲ့ခပ်မြန်မြန် အင်္ကျီချွတ်ကာ ဇမ်းဆီပစ်ပေးလိုက်သည်။

You are My BoneWhere stories live. Discover now