Into the Wind (Unicode)

146 13 0
                                    

အလုပ်မှ တစ်ပတ် ခွင့်ယူထားသော်လည်း နှိုးစက်ပိတ်ရန်မေ့သွားသဖြင့်ထရဦးတော့မည်။ ကျွန်မတွင်မကောင်းသည့်အကျင့်တစ်ခုရှိသည်။ ထိုအရာမှာ အိပ်နေရာမှနိုးသွားလျှင် ဘယ်လိုမှပြန်အိပ်လို့မရတော့ခြင်းဖြစ်သည်။ ထို့ကြောင့် အိမ်နေရင်းစီးသည့်ဖိနပ်ကိုဝတ်ကာ ရေမိုးချိုးသန့်စင်ရတော့မည်။ ကျွန်မသည် အပျော်တမ်းပန်းချီဆွဲတတ်သောလူဖြစ်သော်လည်း အလုပ်လုပ်နေရသဖြင့် ဝါသနာဘက်ကိုမလှည့်နိုင်တာ ကြာပြီဖြစ်သည်။ ကျွန်မ၏အလုပ်ကတော့ သိပ်မခက်လှပေ။ ဆွီဒင်နိုင်ငံမှ လက်ဆောင်ပစ္စည်းများရောင်းသောဆိုင်တွင် အလုပ်လုပ်ရခြင်းဖြစ်သည်။ စျေးဝယ်သူတွေနဲ့ ပြောဆိုဆက်ဆံရတာကိုလည်း ကျွန်မအလွန်ပင် သဘောတွေ့လှသည်။ အခုတော့ တစ်ပတ်ခွင့်ယူထားသဖြင့် အလုပ်အကြောင်းခဏမေ့ထားတာ ပတ်ဝန်းကျင်တွင် လေညှင်းခံထွက်ရဦးတော့မည်။ ဆွီဒင်နိုင်ငံ၏ရာသီဥတုကိုကျွန်မအလွန်ပင် သဘောတွေ့လှသည်။ ပတ်ဝန်းကျင်နှင့် မြင်ကွင်းများမှာလည်း အလွန်အေးချမ်းသာယာလှသည်။ အကုန်ပြင်ဆင်ပြီးသွားသောအခါ ပေါ့ပေါ့ပါးပါး တီရှပ်အဖြူအပွနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။ ပုံဆွဲပစ္စည်းများထည့်ထားသော ဘေးလွယ်အိတ်အသေးတစ်လုံးကိုသာ လွယ်ကာ အိမ်မှထွက်လာခဲ့သည်။ ကျွန်မဖေဖေနှင့်မေမေမှာ ဝင်ငွေတတ်နိုင်သောကြောင့် တိုက်ခန်းဝယ်ပေးထားခြင်းဖြစ်သည်။
အိမ်မှထွက်လာပြီးနောက် မသွားရတာကြာပြီဖြစ်သော အဘိုး Tony ၏ Dandelions စိုက်ခင်းကြီးရှိရာသို့ သွားရန် ကျွန်မစဥ်းစားထားသည်။ ကား parking ရှိရာတွင် ရပ်ထားသော ကျွန်မ၏ B & W ကား အနက်ရောင်ကိုမောင်းကာ စတင်ထွက်ခွာလာခဲ့သည်။ တစ်နာရီကျော်မောင်းလာပြီးသည့်အချိန်မှာတော့ စိုက်ခင်းကြီးကိုလှမ်းမြင်နေရပြီဖြစ်သည်။ ကားကို စိုက်ခင်းကြီးဘေးက နေရာလွတ်တွင် ရပ်ထားလိုက်ပြီး အဘိုး Tony ၏အိမ်လေးရှိရာသို့လျှောက်သွားလိုက်ပြီး တံခါးနှစ်ချက်ခေါက်လိုက်သည်။ ထိုအခါ အထဲမှ အဘိုး Tonyထွက်လာသည်။ ပထမတော့ကျွန်မကိုမှတ်မိပုံမရ။ နောက်မှ အားရဝမ်းသာဖြင့် ကြိုဆိုတော့သည်။

"ကလေးမ၊ Flo ဟုတ်တယ်မလား၊ ကြည့်ပါဦး မတွေ့တာကြာလို့ လှလာလိုက်တာ၊ လာပါဦး၊ အိမ်ထဲဝင်ပါဦး"
အဘိုး၏ဖိတ်ခေါ်မှူကြောင့် ကျွန်မလည်း အိမ်ထဲသို့ဝင်သွားကာ အဘိုးချပေးသော မုန့်အချို့ထိုင်စားနေလိုက်သည်။

Into the WindWhere stories live. Discover now