part~41

4.5K 119 8
                                    


🔰The Sun Of Flower {Season 2}🔰

🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞

Part_41~~~~🦋

10 နာရီထိုးတော့မယ် အခုအချိန်ထိပြန်မလာသေးတဲ့မောင်ကို သူမတစ်ယောက်ထဲစောင့်နေမိသည်။ကျန်တဲ့မိသားစုဝင်တွေကလည်း စိတ်ပူရမဲ့အရွယ်မဟုတ်တော့ စိတ်ချကအိပ်ရာဝင်သွားကြသည်။သူမကတော့ စိတ်မချနိုင် သူတစ်ခုခုများဖြစ်နေမလား စိတ်ပူကာ ခြံထဲဆင်းစောင့်နေမိသည်။

တီ တီ

သူမလမ်းလျှောက်နေတုန်း ကားဟွန်းတသံကြားတာကြောင့် လမ်းလျှောက်နေရာကနေ အိမ်ပေါ်တီအောက်သွားကာရပ်စောင့်နေလိုက်သည်။မောင်သိန်းက ခြံတံခါးဖွင့်ပေးတယ် ဆို မောင်ကားမောင်းဝင်လာပြီး အိမ်ပေါ်တီအောက်မှာကားရပ်လိုက်သည်။

ဂျလောက်.

မောင်က ကားတံခါးဖွင့်ကာဆင်းလိုက်သည်။ဆင်းလာတယ်ဆို သူမကိုတွေ့မှ မောင်မျက်တည်သွားတာသူမတွေ့လိုက်သည်။မောင်ကသူမကို ဘာမှမပြောပဲ သူမကို ရှိတယ်လို့တောင်ထင်လားမသိ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထဲက အိမ်ထဲသွားသည်။သူမလည်း အိမ်တံခါးကိုပြန်ပိတ်ကာ အပေါ်တက်တက်သွားတဲ့သူ့နောက်လိုက်သွားမိသည်။

ကျွီ

သူမအခန်းထဲဝင်တယ်ဆိုမောင်က အပေါ်ကုတ်ကိုချွတ်နေသည်။မနက်ကသွားတာကဆွဲသားshirtနဲ့အခုအပေါ်ကုတ်ကသူ့Hotelကနားနေခန်းကဝတ်လာတာထင်သည်။သူမမနေ့ကကိစ္စကို ပြန်တောင်းပန်ဖို့ သူအနားသွားတော့ ဘီယာအနံ့ရတာမို့......

"မောင် နင်ဒီအချိန်ဒီအပြင်မှာနေတာ Club တက်ပြီး အရက်သောက်ဖို့လား"

သူမမေးတာကိုမဖြေပဲအဝတ်လဲခန်းဘက်လှည့်သွားတဲ့ မောင့်ရှေ့ကို ထက်ပြီး ပိတ်ရပ်ကာ သူရင်ဘက်ကို တွန်းထားလိုက်သည်။

"မောင်ငါကို စကားပြောနော် ဒီအခန်းထဲနင်နဲ့ငါပဲရှိတာ ငါ့ကိုပစ်မထားနဲ့"

"ဘာလဲ ဘာတွေပြောနေတာလည်း လူကသိပ်ကြည်သေးတာမဟုတ်ဘူး အရက်သောက်တော့ရောဘယ်သူကို ဂရုစိုက်ရမှာလည်း!"

တကယ်တော့ နေ အရက်လည်းသောက်မလာသလို ဘီယာလည်းသောက်မလာ။Dinner ရှိလို့သွားရင် နိုင်ငံခြားက ပါတနာတွေကအတင်းတိုက်တော့ မတော်တစအင်္ကျီပေါ်ဖိတ်ကျသွားခြင်း။ဒါပင့်မဲ့ ဝိုင်တော့နှစ်ခွက် မဖြစ်မနေမို့သောက်လာရသည်။

The Sun Of Flower (S2 + S3)Opowieści tętniące życiem. Odkryj je teraz