ကိုယ့်အသက်မို့ မဝေးချင်ပါ
ဇာတ်သိမ်းပိုင်း
ဆိုဖာပေါ်ထိုင်နေတဲ့ မာမီ့ပေါင်ပေါ်တွင်
လှဲအိပ်ရင်းက ဗိုက်ပူလေးကို ဆူးခက်
လက်ဖြင့် အသာပွတ်သပ်နေမိသည် ။
မာမီက ဆူးခက်အား စားပွဲပေါ်ရှိ ပန်းကန်ထဲမှ
ကိုကြီးခွဲပေးခဲ့တဲ့ အသီးစိတ်လေးတွေကို ခွံ့ရင်းအပြုံးနဲ့ ငုံ့ကြည့်နေ၏ ။
အဘွားနဲ့မစုက ဒီနေ့တစ်ရက်အိမ်ကို ခဏပြန်သွားကြတာမို့ အိမ်မှာဆူးခက်နဲ့မာမီ
နှစ်ယောက်တည်းသာ
"ကိုကြီးက ကြာတယ်နော် မာမီ၊
ဘာဖြစ်နေလို့လဲမသိဘူး "
"အဟင်း လာတော့မှာပါသမီးရယ်၊ သမီးဒယ်ဒီလည်းပါသွားတာကို စိတ်မပူပါနဲ့ "
မာမီက ဆံပင်တွေကို သပ်ပေးရင်း အပြုံးနဲ့ပြောလာတာမို့ ဆူးခက်ခေါင်းငြိမ့်ပြလိုက်ပါသည် ။
စိတ်ထဲမှာတော့ မပြောမဆိုထွက်သွားတဲ
ကိုကြီးကို အနည်းငယ်စိတ်ဆိုးနေမိသည် ။
မာမီပြောတာက ဆူးခက်နေ့ခင်း တရေးအိပ်နေချိန် ကိုကြီးက ဒယ်ဒီ့ကိုခေါ်ပြီး
ထွက်သွားကြတာတဲ့ ၊ဆူးခက်နိုးလာတာတောင် နာရီဝက်လောက်ရှိနေပြီ ကိုကြီးတို့က ပြန်မလာကြသေးဘူး ၊ဘာတွေ လုပ်နေကြလို့ပါလိမ့်
ဆူးခက် မျက်မှောင်လေးကျုံ့ကာအတွေးလွန်းနေပေမယ့် မာမီခွံ့နေတဲ့အသီးစိတ်လေးတွေကိုလည်း စားဖို့မမေ့ပါ
"မာမီ့သမီးကတော့လေ နောက်အပတ်လောက်ဆိုရင်ဘဲ ကလေးအမေဖြစ်တော့မှာကို အခုထိကလေးလေးလို နေနေတော့တာဘဲ "
မာမီက ဆူးခက်ပုံစံကို ကြည့်ရင်း ချစ်စနိုးစသည်။ဆူးခက် နှုတ်ခမ်းလေးစူချလိုက်ပြီး
"မာမီက ငြိုငြင်တာလားနော် "
"အဟင်း သမီးလေးရယ် ၊မာမီ့သားမက်တော့ ကလေးနှစ်ယောက်ပြိုင်ထိန်းရတော့မှာ မြင်ယောင်နေပါပြီ "
"အမေ ကျွန်တော်ပြန်လာပြီ "
မာမီ့စကားကို နှုတ်ခမ်းလေးစူနေရင်းက တုံ့ပြန်မလို့လုပ်စဉ် ကိုကြီးအသံကိုကြားလိုက်ရသည် ။
အခုတင် မာမီက ကိုကြီးအကြောင်းပြောနေတာလေ ၊ကိုကြီးကတော့အသက်ရှည်တော့မှာဘဲ ၊
