686 - 690

147 9 0
                                    


Godly Sword System
Chapter 686 အထင်သေးခံရခြင်း
Translated by Thura

ယန်ချီက ပိုင်လင်ရဲ့ စကားတွေကို ကြားပြီးနောက် ပြုံးလိုက်မိတယ်။

သူအနေနဲ့ ပိုင်လင်းကို စတွေ့ခဲ့စဉ်က အေးစက်စက် မိန်းကလေး တစ်ယောက်လို့ ထင်နေခဲ့တယ်။

ကြည့်ရတာတော့ သူမက အပြင်ပိုင်းမှာ အေးစက်ပြီး အတွင်းပိုင်းမှာ နွေးထွေးသူ တစ်ယောက် ဖြစ်ပုံရပါတယ်။

မျိုးနွယ်ကနေ ထွက်ပြေးလာပြီး ငါးနှစ်ကြာတဲ့အထိ ဒီလို စိတ်ဓါတ်မွေးမြူခဲ့ပုံရပါတယ်။

ရွာသားတွေက ပိုင်လင်းရဲ့ စကားတွေကို ကြားတဲ့အခါ ငိုကြွေးတာကို ရပ်တန့်လိုက်ပြီး ပိုင်လင်းကို အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။

“မိန်းကလေး မင်းက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်လား”

ရွာအကြီးအကဲက ပိုင်လင်းကို ကြည်ပြီး မေးလိုက်တယ်။

“ဟုတ်ပါတယ်”

ပိုင်လင်းက ခေါင်းညိတ်လိုက်တယ်။

ရွာသားတွေက ပိုင်လင်းရဲ့ စကားကို ကြားတဲ့အခါ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။

သူတို့တွေကို ကြည့်ရတာ ပိုင်လင်းက အစွမ်းထက် စိတ်ဝိဉာဉ်ပညာရှင်ဆိုတာကို မယုံကြည်ပုံပါ။

“အဲ့. .  အဲ့. . .”

ရွာအကြီးအကဲက စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် ပိုင်လင်းကို ပြောလိုက်တယ်။

“အဲ့ဒါဆို နတ်ဆိုးမိစ္ဆာတွေ နောက်တစ်ကြိမ်လာတဲ့အထိ ရွာမှာ ရက်အနည်းငယ်လောက် နေပေးနိုင်မလား”

“ရပါတယ်”

ပိုင်လင်းက သူမအနေနဲ့ ဒီနေရာကို ရောက်ပြီဆိုမှတော့ ဒီကိစ္စကို မဖြေရှင်းခဲ့ရင် သူမရဲ့ စရိုက်မဟုတ်ဘူးလို့ တွေးနေခဲ့တယ်။

နောက်တနေ့နေရောင်လင်းလက်လာတော့ ယန်ချီနဲ့ ပိုင်လင်းတို့နှစ်ယောက်က ရွာလူကြီးရဲ့ အိမ်မှာ ထိုင်နေခဲ့စဉ်မှာပဲ ရွာသားတစ်ယောက်က ကြောက်လန့်တဲ့ အမူအယာနဲ့ ပြေးဝင်လာခဲ့တယ်။

“နတ်ဆိုးမိစ္ဆာတွေ ရောက်လာပြီ”

“နတ်ဆိုးမိစ္ဆာတွေ ရောက်လာပြီလား”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now