51 - 55

532 52 0
                                    

စာစဥ် ၄ အခန်း ၅၁- အောက်ဆင်းချင်တယ်။

ဘာသာပြန်သူ - Zing

ကောင်းကင်နှင့်ကမ္ဘာ မြေမီးလျှံကို မူလမီးလျှံဟုလည်းလူသိများသည်။

ကမ္ဘာပေါ်ရှိ အနက်ရှိုင်းဆုံးနေရာများတွင် ကောင်းကင်နှင့်ကမ္ဘာမြေမီးလျှံ ထွက်ပေါ်လေ့ရှိသည်။

မြေပြင်ရှိကြီးမားသော အက်ကွဲကြောင်းများမှ မီးလျှံများသည် ကောင်းကင်နှင့်ကမ္ဘာမြေမီးလျှံ များဖြစ် ကြသည်။

ကောင်းကင်နှင့် ကမ္ဘာ မြေမီးလျှံသည် အမှန်တကယ်ပင်ပြင်းထန်သည်။ သူတော်စင်အဆင့် တစ်ယောက်တောင်မှ ပေါ့ပေါ့တန်တန် ဝင်သွားရဲမယ်မဟုတ်။

ထို့အပြင်၊ လုံဟိုင်ဟိုမှလွဲ၍ ကျန်သုံးယောက်သည် သူတော်စင် အဆင့်တွင်မရှိခဲ့ပါ။

ဟုတ်ပါတယ်၊၊ စစ်နတ်ဘုရားမိုက်ကယ်က သူ့တွင် နည်းလမ်းများစွာရှိတာကြောင့် အဆင်ပြေပါသေးသည်။

ဒါပေမယ့် သူမသွားဘူးလို့ ပြောနေတုန်းဘဲ။

အက်ကွဲကြောင်းတစ်ခုတည်းတွင် မီးလျှံ များစွာရှိသောကြောင့်ဖြစ်သည်။ထို့ကြောင့် ​၎င်း​အောက်တွင် မီး​လျှံ သမုဒ္ဒရာကြီးတစ်စင်း ရှိနေမှာသေချာသည်။

မီးတောက်မီးလျှံများ လောင်ကျွမ်းနေပြီး ရှေးဟောင်းနဂါးဂူသင်္ချိုင်းသည် ဤအရာအားလုံး၏အောက်တွင် ရှိနေသည်။ ဒါကအရမ်းအန္တရာယ်များတယ်။

လုံဟိုင်ဟို က “ဒါက အန္တရာယ်များတယ်ဆိုတာ ကို ငါသိတယ်။ ငါ့ရဲ့ရှေးဟောင်း သွေးကြောအတွက် မဟုတ်ရင် ဒီနေရာကို ငါလာမှာမဟုတ်ဘူး။”

"အဘိုး၊ မင်းတကယ်ဆင်းသွားတာလား" လုံရှင်းက စိုးရိမ်သောကဖြင့် ပြောလိုက်သည်။

ပတ်ဝန်းကျင်က အညိုရောင်၊ အနက်ရောင်၊ မည်းနက်နေတော့ တကယ့်ကို ကြောက်စရာကောင်းတယ်။

ကောင်းကင်နှင့်ကမ္ဘာမြေမီးလျှံသည် ခုန်တက်သွားသည်။ မီးလျှံ တစ်ခုစီတွင် သူ့ကိုယ်ပိုင်အသိဉာဏ် ရှိပြီးတကယ်ကို ကြောက်စရာကောင်းပြီးရက်စက်ပုံရသည်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now