RVTIACF Chapter-(51 + 52)

1.4K 179 22
                                    

CHAPTER-(51)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူတုံ့ချီ စတိတ်ခ်အပိုင်းလေးကိုဖြတ်ကာ ချူရှောင်းကို စနောက်လိုက်၏။

"ရှောင်းရှောင်းလေးက ချစ်ချင်နေပြီလား? အမေ၊အဖေတို့နဲ့ ရှိနေရတဲ့အခြေအနေလိုမျိူး မရှိနိုင်တော့ဘူးလေ?"

"ဘယ်ရှိနိုင်ပါ့မလဲ! အဖေအမေတို့နဲ့ရှိနေရင် နူးညံပြီးချိုသာတဲ့ ပတ်ဝန်းကျင်မျိူးလေးရှိနေတာ၊ တကယ်ကောင်းတယ်။"

ချူရှောင်း သူတို့နှစ်ဦးလုံးအတွက် ဝိုင်နီတွေထပ်ဖြည့်ပေးရင်း သိလိုစွာမေးလိုက်သည်။

"အဖေ၊ ပရောဂျက်အစီအစဥ်တွေ ဆွေးနွေး​တုန်းက အကုန်အဆင်ပြေတယ်မလား? ဘယ်ချိန် အကောင်အထည်ဖော်ဖို့ စီစဥ်ထားလဲ? အဖွဲ့ကော ထောင်ပြီးပြီလား?"

ချူတုံချီနဲ့ဖန်ချင်းတို့ ခေါင်းတခါခါနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်သံတွေပေါက်ထွက်လာတော့သည်။

"သူကအလုပ်သရဲ ဖြစ်တော့မယ်။ အနာဂတ်မှာ သမီးကိုကုမ္ပဏီလက်လွဲပေးပြီးရင် ငါတို့အတူ ထမင်းစားချိန်မရှိအောင် အလုပ်များနေမယ်ထင်တယ်။ အဲ့လိုမဖြစ်ရဘူး။ တို့တွေ သမီးကိုအစောကြီးအာဏာကိုင်ခွင့် မပေးနိုင်ဘူး။ နှစ်နည်းနည်းကြာအောင် လက်ထောက်အနေနဲ့ပဲ လုပ်ခွင့်ပေးရမယ်။"

ဖန်ချင်း သဘောတူကြောင်း ခေါင်းငြိမ့်လာ၏။

"ကျွန်မတို့သူမကို အလုပ်တွေအများကြီး ခိုင်းလို့မဖြစ်ဘူး။ အရင်တုန်းက သူမအလုပ်လုပ်ရတာ အရမ်း​ကြိုက်မှန်း သတိမထားမိဘူးလေ။ အခုတော့ သမီးက ကျွန်မထက်နောက်ကျမှအိပ်ရာဝင်ပြီး အလုပ်သွားရင်လည်း လက်ဖက်ရည်နဲ့ညွှန်ကြားချက်စာဖိုင်တွေ ပြင်ပြီးနေပြီ။"

ချူတုံ့ချီက ဓားနဲ့ခရင်းကိုချပြီး သူ့ဇနီးကိုအရှက်ရစွာ ကြည့်လိုက်၏။

"မင်းက တမင်ထုတ်ကြွားနေတာပဲကွာ! ရှောင်းရှောင်း သမီးကအမေရဲ့လက်ထောက်ဖြစ်လာတာ ကြာနေပြီဆိုတော့ အဖေ့ရဲ့လက်ထောက်ခဏလာလုပ်သင့်ပြီနော်။ မတူညီတဲ့နည်းလမ်းတွေနဲ့ ကိစ္စတွေကိုကိုင်တွယ်မယ်ဆို အဖေတို့ကြားအပြောင်းအလဲဖြစ်ပြီး ပိုသင်ယူနိုင်မှာ။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now