261 - 265

366 41 0
                                    

အခန်း ၂၆၁- ဓားတစ်ချောင်း၏ခွန်အား။

အားလုံးက ထျန်းယာကို စိုက်ကြည့်နေကြသည်။

ထျန်းယာသာ သူ့တို့ရဲ့ နာမည်ကို ပြောလိုက်တာနဲ့ လီရှန်တောက်က ဘာအကြောင်းပြချက်မှမပေးပဲ တကယ်သတ်ပစ်တော့မှာ။

"ကူလင်း!"

ကူလင်းက ထိတ်လန့်သွားပြီး ထျန်းယာကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ သူက သူမကို မထိခိုက်စေပဲ ကာတောင်ကာကွယ်ပေးခဲ့တယ် မဟုတ်လား။

နတ်ဆိုးငယ်က သက်ပြင်းတစ်ချက်ချလိုက်၏။

တခြားသူများကလည်း သက်ပြင်းချလိုက်ကြ၏။

ထို့နောက် လီရှန်တောက်က ကူလင်းကို ကြည့်လိုက်သည်။

ကူလင်းက ရှင်းပြချင်ခဲ့သည်။ သူသည် အရပ်သုံးမီတာရှည်ကြီး သန်မာသော်လည်း လီရှန်တောက်ကို အနိုင်မယူနိုင်ဟု ခံစားမိသည်။

အဘယ်ကြောင့်ဆိုသော် လီရှန်တောက်သည် လျှိုမြစ်ဓားဂိုဏ်း၏ အမွေဆက်ခံသူနှင့် အောင်းကြွယ်ကို အလွယ်တကူ သတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ ထျန်းယာက "ကူလင်းက ငါ့ကို ကာကွယ်ခဲ့တယ်။ ပြီးတော့ သူက ရှေးဟောင်းနဂါးအစွယ်ကိုပဲလိုချင်တာ”

ကူလင်းက စိတ်တိုတိုနဲ့ သူမကို ကြည့်ပြီး "နောက်တစ်ခါ မင်းစကားပြောရင် မြန်မြန် ပြောလို့မရဘူးလား။ ငါ့မှာတော့ ကြောက်လွန်းလို့ ချွေးစီးတွေတောင်ပြန်နေပြီ။"

ထျန်းယာက တခစ်ခစ်နဲ့ရယ်လိုက်သည်။ ဒါကို သူမ ရည်ရွယ်ပြီး လုပ်ခဲ့တာ။

လီရှန်တောက်က ကူလင်းကို ဂရုမစိုက်ဘဲ "ကူလင်း ပြီးတော့ရော။"

ထိုအချိန်တွင် နတ်ဆိုးငယ်သည် လျှို့မင်ယွဲ့ကို လျှို့ဝှက်စွာဆက်သွယ်ခဲ့သည်။

"ငါတို့ အတူတူတိုက်ခိုက်ရင် မင်းမှာယုံကြည်ချက်ရှိလား။" နတ်ဆိုးငယ်က မေးလိုက်သည်။

ကောင်းကင်ဓားဂိုဏ်းမှ လျှို့မင်ယွဲ့သည် လီရှန်တောက်၏ ဖြောင့်စင်းသော ကိုယ်ဟန်အနေအထားကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ “ငါ သိပ်မသေချာဘူး။ ကူလင်းက ငါတို့နဲ့ပူးပေါင်းရင်တော့ ငါတို့မှာ အခွင့်အရေးရှိလိမ့်မယ်"

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now