🦋🦋 ပက်ပက်စက်စက်ကြွေ 🦋🦋
( Part - 8 )
" မင်းတို့ နှစ်ယောက် ငါ့ကို အနိုင်ကျင့်တယ်
ဝမ်းနည်းလိုက်တာ ....ကူညီပါအုံး မောင်ရေ
ငါ့ကို ကူညီပါအုံး "
ချိုသာမေနဲ့  အကောင့်အလဲလှယ်လုပ်နေတဲ့
မောင့်ဆီကို ကောင်းစံ အကူအညီ တောင်း
လိုက်တဲ့ စကားအဆုံး.. ..
" ဘုန်း....!!! "
" နားငြီးတယ် "
အသံနေ အသံထားက တိကျပြတ်သားပြီး
ပြောဆိုလှိုင်းမှာပါ တစ်ဖက်သားကို
နာခံနိုင်စေသော ဩဇာဓာတ်တွေ အပြည့်
ပါဝင်နေသည်။
အကုန်လုံးမှာ ထူးထူးခြားခြား ရေခဲလူသားဆီက
အသံထွက်လာ၍ အနည်းငယ် အံ့ဩသွားကာ
တစ်ယောက် နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
အမိန့်ပါသော အသံနဲ့ အကြည့်ကို အထင်းသား
မြင်နေရတဲ့ မောင်ကို အကောင့်တောင်းနေတဲ့
ချိုသာမေ ဆိုတဲ့ကောင်မလေးကလည်း
ရှိန်သွားကာ အကောင့်ရပြီးတာနဲ့ လှစ်ကနဲ
သူမ ခုံကို ပြေးသွားခဲ့သည်။
အဲ့ဒီလောက်ထိ ဗဟိုရ်ဦးခိုက် ရဲ့ အကြည့်နဲ့
အသံက တစ်ဖက်သားကို ထိရောက်နိုင်စွမ်း
ရှိသည်။
နဂိုအတိုင်း ပြန်လည်တိတ်ဆိတ်သွားသောအခါ
ခုံပေါ်က ရေးလက်စဘောလ်ပင်ကို
ကိုင်ကာ ဆက်ရေးသည်။
ဗဟိုရ်ဦးခိုက် ရဲ့ တစ်လောကလုံးမှာ
တစ်ယောက်တည်း လုပ်နေသော ပုံကို
သူငယ်ချင်းတွေ မပြောနဲ့ အနားက
မေလင်းစက်မောင် ပါ ကြည့်ပြီး မျက်တောင်မခတ်
ဖြစ်နေလေသည်။
အခန်းထဲက လူတွေဆို ပိုဆိုးပေါ့။
ကော့စင်းပြီး မည်းနက်နေသော မျက်တောင်
မွှေးလေးတွေက အပင်တွေလို တစ်ပင်ချင်း
စိုက်ထူထားတာလားပင် အောက်မေ့ရသည်။
ထိုအောက်မှာက ဖန်ဂေါ်လီလို အရောင်လဲ့နေတဲ့ ကြည်ကြည်တောက်တောက် မျက်ဝန်းတွေက
နေရာအပြည့်ယူထားသည်။
နှာတံစင်းစင်းကလည်း ဘေးတိုက်မြင်နေရတာ
တောင် အတော်လေးကို ကြည့်လို့ကောင်းနေ
သည်။ ဘယ်ဘဝက ဆုတောင်းတွေကြောင့်
ယောင်္ကျားလေး မတန်မဲ့ အခုလောက်ထိ
ချောမောနေရတာလဲဆိုတာ မောင် သိချင်မိသည်။
YOU ARE READING
ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက်+ မေလင်းစက်မောင်)
Romanceယောင်္ကျားလေး ယောင်ဆောင်ပြီး ကျမ အဖေ နောက်မိန်းမရဲ့ သားကို ကျမက ကလဲ့စားချေမလို့ ပါဆိုနေမှ အခုတော့ ကျမက သူ့ကို မမြင်ရရင် မနေနိုင်မထိုင်နိုင်တဲ့အထိ ချစ်မိသွားခဲ့ပြီ တေမိမင်းသား ရယ် 🖤🖤🖤
