လွင်မင်းဦး / ဒါဆို ငါ သတိမလစ်ခင် အထိ cctvကအကောင်းကြီးပဲပေါ့
တပည့်တစ်ဦး / ဟုတ်ကဲ့
လွင်မင်းဦး / တခြားရော ဘာထူးခြားတာရှိခဲ့လဲ
တပည့်တစ်ဦး / မရှိခဲ့ပါဘူး boss
လွင်မင်းဦး / သွားလို့ ရပြီ
တပည့်တစ်ဦး/ ဟုတ်ကဲ့
လွင်မင်းဦးတစ်ယောက် ခေါင်းခြောက်ရလေပြီ သူ့ကို ဖမ်းခေါ်သွားမယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းသတိရလာတော့ ဆေးရုံပေါ်မှာ ပြီးတော့ ဖိလစ်ကရော....
လွင်မင်းဦး / ကျစ်! !!ဘာတွေလဲကွာ
မြင့်မိုရ် / ကိုကို...
ဟင် ကိုကို!!! ဘာဖြစ်လို့လဲ
လွင်မင်းဦး စိတ်ရှုပ်စွာနဲ့ ရုံးခန်းထဲက
ထိုင်ခုံပေါ်မှာ ခေါင်းမှီထိုင်နေတုန်း
တံခါးမခေါက် ဘာမခေါက်ပဲ ဝင်လာတဲ့ မြင့်မိုရ်က
သူတစ်ခုခုဖြစ်တယ် ထင်ပြီး အနားကို အပြေးရောက်လာ၏။
လွင်မင်းဦး ဘာမှပြန်မပြောပဲ သူ့ပုံစံကိုသာစူးစိုက်ကြည့်နေလိုက်သည်။
မြင့်မိုရ် / အဲ့ကြောင့် ကိုကို ကိုပြောပါတယ်
အိမ်မှာပဲ နားနေပါဦးဆိုတာကို
ဘာလို့ ဒီလောက် အလုပ်လောဘတက်နေမှန်းကိုမသိဘူး
အခုကြည့် ခေါင်းကိုက်နေပီမလား
လွင်မင်းဦး / နားငြီးတယ်ကွာ ပွစိပွစိပြောမှာဆို ပြန်တော့
မြင့်မိုရ် / ကိုကိုကလဲ မောင်က စိတ်ပူလို့ကို
လွင်မင်းဦး / ဘာပြောလိုက်တယ်...
မြင့်မိုရ် / ဘာပြောလို့လဲ
လွင်မင်းဦး / မောင်ဆိုတာ...
မြင့်မိုရ် / ဗျ...ဟီးးဟီးး
ဗျ နောက်တစ်ခေါက်လောက်ပြန်ခေါ်ပါဦး ကြားချင်လို့
လွင်မင်းဦး / အရူး
မြင့်မိုရ် / ဗျ...ဟမ်!!!
လွင်မင်းဦးလဲ မြင့်မိုရ် အငိုက်မိသွားတာကိုသဘောကျကာ ပြုံးလိုက်၏။
မြင့်မိုရ် / ကိုကိုပြုံးလိုက်တယ်...ဝါးးး အရမ်းလှတာပဲ
ကျွန်တော့်ကို ဒီလိုမပြုံးပြတာတောင်
တော်တော်ကြာသွားပြီနော် ကိုကို...
YOU ARE READING
အသက်တမျှ အသက္တမွ်