Part-19(Unicode)

1.4K 111 18
                                    

အရင်ကဆိုဆေးရုံသွားရင်ဒေါက်တာအမြဲနမ်းပြီးမှသွားတက်သည်လေ။မနေ့ကတည်းကလွန်းကအိမ်မှာဒေါက်တာနဲ့လာပြန်နေတာမို့အလုပ်သွားချိန်နမ်းဖို့ပြင်လာပြီးမှဒေါက်တာကရပ်လိုက်ပြီးနှုတ်ဆက်ကာဆေးရုံကိုထွက်သွားတော့သည်။လွန်းကတော့အမေ့ကိုအခန်းထဲတွဲပို့ကာခဏနား​စေပြီးအခန်းပြင်ပြန်ထွက်လာချိန်အိမ်ဝမှာလွန်းပုံကိုထောင်ထားတာတွေ့တာမို့အနားကပ်သွားချိန်ပန်းချီပုံအနောက်ကနေမောင်ကပန်းစည်းကိုင်ပြီးထွက်လာတော့သည်။

"မင်းဘယ်လိုလုပ်ဝင်လာတာလဲ။ထွက်သွား!။"

"တီလွန်းအတွက်မောင်ပန်းစည်းယူလာပေးတယ်။"

"မင်းဘာလို့ယူလာတာလဲ။တို့မလိုချင်ဘူး!!။"

"အဟောင်းကပျက်စီးသွားလို့အသစ်ပြန်လုပ်လာပေးတာပါ။နောက်ပြီးဘဝသစ်ပြန်စချင်ပါတယ်။"

"တို့မယူဘူး!!။"

တီလွန်းကမောင့်လက်ထဲကပန်းစည်းကိုယူပြီးအိမ်ရှေ့ကိုပစ်ထုတ်လိုက်တော့သည်။ပြီးတော့မောင့်ကိုတစ်ချက်မျှသာစောင်းကြည့်ပြီးကျောခိုင်းကာလှည့်ထွက်သွားတာမို့အနောက်ကနေပြေးဖက်လိုက်သည်။

"လွှတ်။လွှတ်လို့ ။တို့ကိုလွှတ်လို့ပြောနေတယ်လေ။"

"မောင် တီလွန်းကိုဘယ်တော့မှထပ်လွှတ်မပေးနိုင်တော့ဘူး။"

"လွှတ်နော် သော်ကမောင်။လွှတ်လို့ပြောနေတယ်လေ။လွှတ်။"

"အာ့.."

တီလွန်းကိုဖက်ထားတ့ဲမောင့်လက်တွေကိုကိုက်တာမို့လွှတ်ပေးလိုက်ရသည်။

"မင်းတို့ကိုမုန်းနေတယ်လေမေ့နေတာလား။တို့အပေါ်မှာခံစားချက်မရှိခ့ဲဘူးဆိုတာလေ မင်းမေ့နေတာလား!။တို့မင်းနဲ့တွဲခ့ဲတာကမင်းအမေကိုလက်စားချေချင်လို့ဘဲ။"

"အခုချိန်မှာမောင်ကအ့ဲလိုအရူးထတ့ဲကိစ္စတွေမှတ်မိဖို့အချိန်မရှိဘူး။မောင်ဂရုစိုက်တ့ဲတစ်ခုတည်းသောအရာကတီလွန်းနဲ့ကလေးကိုဘဲ။"

မောင့်စကားကြားတော့လွန်းအ့ံသြမိသွားသည်။မောင်ဘယ်ကနေသိခ့ဲတာပါလဲ။

အခ်စ္ကစားပြဲUnde poveștirile trăiesc. Descoperă acum