အပိုင်း(3)🌴🌾

22.5K 1.2K 11
                                    

       မနက်ခင်း အလင်းက ပြတင်းပေါက်မှ ဝင်တိုးကာ မျက်နှာ ကိုစူးလာတာမို့ သဏ္ဍန် စိတ်ရူပ်သွားရသည်။လူကဒီနေ့မှပို၍အိပ်ချင်နေတာကိုတားမရ။

"ကျွတ်! ညက လိုက်ကာပိတ်ဖို့ မေ့သွားတာပဲ"

သဏ္ဍန် မထချင်ထချင်နဲ့ထကာ လိုက်ကာပိတ်ပြီး ပြန်အိပ်သွားဖို့ပြင်လိုက်သည်။ ထိုစဥ် မေမေက ၀င်လာပြန်သည်။

"သဏ္ဍန် သားလေးထတော့လေ အောက်မှာ မင်းသန့်လေး ရောက်နေပြီ သားကျောင်းသွားရမယ်မလား "

သဏ္ဍန် အချစ်ဦးမာမီရဲ့ချိုသာလှတဲ့အသံလေးကနားထဲဝင်လာတာနဲ့ သဏ္ဍန်မနေသာတော့။

"မင်းသန့်ရောက်နေပြီလား ကျွတ် စောစောစီးစီးကွာဒီကောင် ရေချိုးပြီးဆင်းလာခဲ့မယ်ပြောထား
ပေးဦး မေမေ.."

"အမလေး ဟုတ်ပါပြီမေမေသားရယ် ချစ်လိုက်တာ မေ့သားလေး Morning kiss"

"မွ မေမေ သားကလဲမေမေကိုအရမ်းချစ်"

"အမလေး မေမေကလဲ ဒီသားလေးကို အရမ်းချစ်ပါ့တော်"

နူးညံ အိစက်နေသော မေမေပါးအား သဏ္ဍန် နမ်းရိူက်လိုက်သည်။ မနက်တိုင်း ငယ်စဥ်ထဲကမေမေအပေါ်ပြုမူနေကြ အမူကျင့်လေး မေမေကသူနမ်းမှ တစ်နေကုန်စိတ်ချမ်းသာသည်တဲ့ ။

သဏ္ဍန်ကလဲ မေမေ ကိုနမ်းရမှာ တစ်နေကုန် စတင်ဖို့ အင်အားတွေ ပြည့်လာသလိုခံစားရတယ်ဆိုတဲ့ Mom Boy လေးပါ။ သူရေချိုးခန်းထဲ ဝင်သွားမှ မေမေပြုံး၍
အခန်းထဲကထွက်သွားတော့သည်။

"ဟျောင့် !မင်းသန့်
ဘာစားပြီးပြီလဲ "

"ကျောင်း ရောက်မှ စားတော့မယ်လေ မင်းကရော ဘာလို့ခုချိန်ထိ အိပ်နေရတာတုန်း "

"ဟ! အခုမှ 8:30အစောကြီးရှိပါသေးတယ် မင်းသန့်ရာ"

"ရွာမှာဆိုရင်...."

"တော်တော် ..တော် ရွာချစ်ကြီး တွေ့လားမေမေ သူပြောတော့မှာ ရွာမှာဆို ဘယ်ချိန်ထတာ ဘယ်ချိန်ဆို လယ်ထဲရောက်နေပြီ သူစလာတော့မှာ "

"သားရယ် မင်းသန့်လေးက ရွာကနေ ဒီထိ သူဦးကြီး ခွဲပြီး ကျောင်းလာတတ်ရတာ လွမ်းရှာမှာပေါ့ သားရယ်"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now