696 - 700

129 14 0
                                    


Godly Sword System
Chapter 696 အင်ပါယာ နန်းတော်
Translated by Thura

ဒီအချိန်မှာတော့ ပိုင်မျိုးနွယ်က လူတိုင်း ကျောက်ရုပ်အလား တုန့်ဆိုင်းနေခဲ့ကြတယ်။

အရင်ဆုံး သူတို့အားလုံးက ယန်ချီကို သာမန် စိတ်ဝိဉာဉ်ပညာရှင်တစ်ယောက်လို့ ထင်ခဲ့မိကြတယ်။

ဒါပေမယ့် ယန်ချီက ဒီလောက်ကြီး အစွမ်းထက်လိမ့်မယ်လို့ သူတို့တွေ မထင်မိကြပါဘူး။

ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယဆိုတာ လင်ယွင်မြို့မှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ဖြစ်ပေမယ့်လည်း ယန်ချီအရှေ့မှာတော့ သနားစရာ ကောင်းစွာ အရှက်ကွဲခဲ့ရတယ်။

သူတို့တွေသာ ယန်ချီနဲ့ ရင်ဆိုင်မိမယ်ဆိုရင်တော့ အကျိုးဆက်ကို စဉ်းတောင် မစဉ်းရဲခဲ့ပါဘူး။

“ယန်ချီ ကျေးဇူးတင်ပါတယ်”

ဘေးမှာ  ရှိနေတဲ့ ပိုင်လင်းက မပြောပြနိုင်အောင် ကျေးဇူးတင်နေခဲ့တယ်။

“အင်း ကိစ္စ မရှိပါဘူး”

ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။

“ငါ သွားတော့မယ်”

ယန်ချီက ဆက်ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ ပိုင်မျိုးနွယ်က လူတိုင်း အံ့အားသင့်သွားကြတယ်။

“ယန်ချီ မင်း . . မင်းက ဘယ်ကို သွားမှာလဲ”

ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်က ယန်ချီကို ကြည့်ပြီး နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။

“အင်ပါယာ နန်းတော်”

ယန်ချီက စကားအပို မပြောခဲ့ပါဘူး။

ပိုင်လင်းက ယန်ချီကို ကြည့်လိုက်ပြီး သူရဲ့ ဖြူစင်တဲ့ သွားတွေနဲ့ အံကြိတ်လိုက်မိတယ်။

ချက်ချင်းပင် သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအားတွေက တစ်ခုခုကြောင့် ယိုစိမ့်သွားသလို ခံစားလိုက်ရတယ်။

ယန်ချီက ဒီနေရာမှာ ဘာမှ မဆိုင်တဲ့အတွက် ဒီမှာ အကြာကြီး မနေဘူးဆိုတာ သူမ သိပါတယ်။

“အဲ့ဒါဆိုရင် ရှင့်ရဲ့ ခရီးလမ်းချောမွေ့ပါစေလို့ ကျွန်မဆုတောင်းပေးလိုက်တယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now