part-31

5.7K 251 10
                                    

"ရွှေတို့တူတူသွားခဲ့တာ ပန်းတိုင်တစ်ခုထဲနော် နေမာန!!!!!!!"

"အဲ့ဒီတော့???"

"ဟ ဒီလိုတွေ မျက်နှာလွှဲခဲပစ်လုပ်ဖို့ မလိုဘူး‌ေလ အခု ငါသူ့ကိုရအောင်ခေါ်ထုတ်လာပြီးပြီ နန်းတော်ထဲ ငါ၀င်ဖို့လမ်းကြောင်းတစ်ခုရှိတယ်ဆိုတာ ဘာလည်း တိုင်ပင်ခဲ့တုန်းက
ဒီလိုပုံစံမဟုတ်ဘူးနော်"

"ငါးစာဆိုတဲ့ ကိစရပ်မှာဒီလောက်ပါ၀င်ပြီးထဲက နင့်မှာ စဉ်းစားဉာဏ်မရှိခဲ့တာ
ရွက်စိမ်းရဖို့နင်က ငါးစာ ဖြစ်နေခဲ့တာ"

"သေရမှာနင်က!!!!!'

ရွှေ့ဘက်ကကြိမ်းဝါးနေတုန်း မြည်လာတဲ့ဖုန်းသံကြောင့် ကောက်ကိုင်လိုက်သည်။

"မေမေ!!!"

"မဟုတ်ဘူး သမီးစီစဉ်ထားတာက!!!"

"ကျွတ် မေမေရာ ပြန်မလာသေးဘူး!!"

"ဒီမှာရှင်းရဦးမယ်"

"ဟာ ဖေဖေ့ကိုနယ်ကနေပြန်ခေါ်ပေါ့ မထူးဘူးမေမေရာ သေရွာကထလာတယ်သာပြောလိုက်"

"ပတ်၀န်းကျင်ကအခုမှဂရုစိုက်တတ်တာလား??"

အမေကိုပြောဆိုနေတာ နာခံမှုဆိုတာလုံး၀မရှိ

တစ်ဖက်ကဘာပြောလည်းမသိ ရွှေတစ်ယောက် ခေါင်းကိုကုတ်လိုက် နေမာနကို စောင်ကြည့်လိုက်နှင့်
ဖုန်းချသွားတဲ့အထိ သူမမျက်နှာ မဲညိုညစ်ကာ

စိတ်တိုလောက်္မှာပေါ့ မသေသေးတဲ့သူကို ဈာပနအတုနဲ့ ဟန်ဆောင်ခိုင်းတဲ့ကိစက
သူမအတွက် တကယ်မလွယ်ကူခဲ့တာ...

"ရော့"

သောင်းတန် အထပ်လိုက်က စားပွဲထက် အညှာတာမရှိ လျောကနဲပစ်တင်လိုက်သည်။
ဒီငွေထုတ်ကို မစင်ပုံလို ရွှေ ကစူးစူးရဲရဲကြည့်ပြီး

"ကလေး‌တစ်ယောက်ကို မုန့်ဖိုးပေးခိုင်းတဲ့အကွက် ငါ့လာမချိုးနဲ့ Jay ၊ ငါလိုချင်တာ ငွေတွင်း ဒီလိုအပိုင်းစတွေမဟုတ်ဘူး
ဒီကိစသေချာပေါက် နောင်တရစေရမယ်"

လည်ပင်းကြောထောင်မတတ် ရွှေက ပြောကာ လှည့်ထွက်သည်။ ရွှေ ထွက်သွားတာကိုအစဆုံးကြည့်စိမ်ပြေနပြေကြည့်နေလိုက်သည်။ပြီးတော့မှ
ဆေးလိပ်သောက်နေရင်း Jay ကဖုန်းတစ်လုံးယူကာ ညွှန်ကြားလိုက်၏။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now