🌼🌼 ချိုမြိန်သောချစ်ဇနီးဆိုးလေး 🌼🌼
🌼🌼 အပိုင်း ၂ 🌼🌼
ရေချိုးခန်းထဲမှ ဇိမ်ဆွဲပြီး ချိုးနေသည့်သူမကြောင့် စိတ်မရှည်တတ်သည့် သူလည်း
ရေချိုးခန်းရှေ့တွင် ရပ်စောင့်နေလိုက်၏
သူမထွက်လာသည်နှင့် သူ့ကိုမြင်တာနဲ့
သရဲ၊ သဘတ်ကိုမြင်သည့်အလား
သူမမျက်ဝန်းတွေက ပြူးကျယ်နေကာ
အလန့်တကြားအော်လိုက်သည့် သူမကြောင့်
သူတောင် အနည်းငယ်လန့်သွားချင်သည်
တဘတ်အဖြူလေးသာ ခန္ဓာကိုယ်လေးမှာ
ပတ်ထား၍ သူ့ကိုမြင်တော့
လက်တစ်ဖက်က ရင်မှာပိုက်၍
တံခါးပြန်ပိတ်ဖို့
လုပ်နေသည့် သူမကြောင့်
တံခါးကို အမြန်လှမ်းထိန်းရင်း
သူမလက်မောင်းလေးမှ ခန္ဓာကိုယ်လေးကို
ဆွဲယူလိုက်ချိန်တွင်
" အိုး...အမေ့..."
လက်မောင်းလေးကနေ တစ်ဆင့်
ဆက်ခနဲဆွဲခံလိုက်လိုက်သည်မို့
သဲငယ်၏ ကိုယ်လုံးလေးကလည်း
လူကြီး၏ ရင်ခွင်ထဲရောက်သွားရကာ
ခန္ဓာကိုယ်နှစ်ခု ပူကပ်လွန်းသည်မို့
ပြန်ရုန်းထွက်ဖို့ ကြိုးစားလိုက်သော်လည်း
သန်မာလွန်းသည့် လူကြီး၏
လက်တွေကြောင့် ရုန်းလို့မရဘဲ
လူကြီး၏ ရင်အုံကျယ်ကြီးကိုသာ
မနမ်းမိရုံ ကျန်တော့၏
" လူကြီးနော်....သဲကိုအနိုင်မကျင့်ပါနဲ့.."
" ......."
အတင်းရုန်းကန်နေသည့်သူမလေးကို
လွှတ်သွားမှာစိုး၍ သူမလက်မောင်းလေးကနေ ပို၍ပင်တင်းကျပ်စွာ ဆွဲယူထားရင်း
နီးကပ်လွန်းသည့် သူမရဲ့မျက်နှာဝင်းဝင်းလေးကို စိုက်ကြည့်နေမိသည်
တန်းဖိုးကြီမားသည့် ရေမွှေးများကို
သုံးဖူးပေမဲ့ တစ်ခါဘဲရဖူးသည့်
သူမကိုယ်သင်းရနံ့လေးကို
သူစွဲမက်နေမိသည်
" လူကြီးနော်......လွှတ်လို့..
နာတယ်... အင့်.."
သူမရဲ့အနီးကပ်မြင်ရသည့်
အလှတရားကြောင့်
သူသတိတွေလွှတ်သွားသည်အထိ
စိုက်ကြည့်နေမိသည်
သူမ၏ အသံလေးကြောင့်
သူ့သတိပြန်ဝင်လာချိန် သူဖိညစ်ထား၍
ဖြူဝင်းနေသော
သူမလက်မောင်းသားလေးက
နီရဲလို့နေ၏
ВЫ ЧИТАЕТЕ
ဇနီးဆိုးလေး ( Complete )
Любовные романы🌼🌼 Intro 🌼🌼 မိဘသဘောတူ လက်ထပ်လိုက်ရသည့် သူတို့နှစ်ဦး ငယ်ငယ်ခနဲက သိခဲ့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စကားကောင်းကောင်းမပြောဘူးသလို တစ်စိမ်းလိုဖြစ်နေသည့် သူတို့နှစ်ဦး လက်ထပ်လိုက်ရတဲ့အခါ.... အချစ်ရေးကိစ္စတွေမှာ အေးစက်နေသည့် မင်ထက်မြတ်သော မိဘပေး...
