အခန်း(၇၄)

839 156 1
                                    

                     <ဆာလောင်မှု>

ထိုနေ့နောက်ပိုင်းမှစ၍၊ကျန်းရီသည် ဝမ်ရွှမ့်ကို မည်သူနှင့်မှ တွေ့ခွင့်မပေးဘဲ လှိုဏ်ဂူထဲတွင် ပု
န်းအောင်းစေခဲ့သည်။အပြင်လူများ မတော်တဆ ဝင်ရောက်လာခြင်းကို ကာကွယ်ရန်အတွက် ဂူပေါက်ဝတွင် အကာအကွယ်စည်းများ ခင်းကျင်းထားရုံသာမက လှိုဏ်ဂူပေါ်မှကျောက်တုံးများကိုပါ နေရာရွှေ့ခဲ့သည်။

"ရှစ်ရှုန်း၊ဒါတွေအားလုံးက အစ်ကို့အတွက်ချည်းပဲ။အခုချိန်မှာ အစ်ကို့ကို အပြင်လူတစ်ယောက်
ယောက်များ မြင်သွားခဲ့ရင် ဘာဆက်ဖြစ်မလဲ ပြောလို့မရနိုင်ဘူးလေ"

ကျန်းရီသည် ဝမ်ရွှမ့်ကိုယ်ပေါ်မှ နူးညံ့သော အ
မွေးအမျှင်များကို အသာပွတ်သပ်ပေးရင်း။

"ဒါပေမဲ့ အစ်ကို စိတ်မပူနဲ့နော်။အခု ကြုံနေရသမျှက ခဏပါပဲ။အစ်ကို့ကို အရင်တုန်းက ပုံစံအ
တိုင်း ပြန်ပြောင်းလို့ရမယ့် နည်းလမ်းကို သေချာ
ပေါက် ရှာတွေ့မှာပါ"

ဂူအတွင်းဘက်သို့ ဖြာကျနေသော အလင်းရောင်ကိုပါ ကျောက်တုံးများက ပိတ်ဆို့သွားပြီဖြစ်ရာ
ဂူထဲတွင် နေ့၊ညကို ခွဲခြား၍ မရတော့သည့်အထိ အမှောင်ထုကသာ ကြီးစိုးသွားခဲ့သည်။

ဝမ်ရွှမ်က တုံ့ပြန်ခြင်းအလျဥ်းမပြု၊ နားကန်းနေသူပမာ အရာအားလုံးကို လျစ်လျူရှုရင်း အမှော
င်ထုထဲတွင် မျက်ဝန်းများကို ပိတ်ထားလျက်ရှိသည်။

ကျန်းရီသည် ဝမ်ရွှမ် ကြုံခဲ့ရသော အဖြစ်အပျက်များက သေရာပါသွားမည့် ဒဏ်ရာလို နာကျင်ရလွန်း၍ ယခုလို ပြုမူနေကြောင်း ကောင်းစွာ နား
လည်ထားသည်။ဝမ်ရွှမ့်ဒဏ်ရာကို အနှေးနှင့်အမြန် ကုစားပေးနိုင်မည့် မိမိ၏ အစွမ်းအစကို ယုံကြည်ထားရင်း ဖြေသိမ့်ခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ကျန်းရီ လုပ်ရမည့် ကိစ္စပေါင်းများစွာ ရှိနေသေးသည်။ဂူအပြင်ဘက်တွင် တဲအိမ်တစ်လုံး ဆောက်လုပ်ပြီး ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ဦးပမာ ဟန်ဆောင်ခဲ့သည်။နေ့စဥ်ရက်ဆက်ဆိုသလို အခြားသော ကျင့်ကြံသူ
များ စုဝေးရာအရပ်(သို့)အရောင်းအဝယ်ပြုလုပ်သည့် နေရာများသို့ လှည့်ပတ်သွားလာပြီး လိုအပ်သည့် ပစ္စည်းများကို အတတ်နိုင်ဆုံး ကြိုးစားရှာ
ဖွေခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now