🌼🌼 ချိုမြိန်သောချစ်ဇနီးဆိုးလေး🌼🌼
🌼🌼 အပိုင်း ၃ 🌼🌼
သာယာသော မနက်ခင်းလေးတစ်ခုတွင်
သဲငယ်တစ်ယောက် လန်းလန်းဆန်းဆန်းနိုးလာ၏
ခုမှ အိပ်ယာထခါစဟု ဆိုပေမဲ့
အနည်းငယ် ရှုပ်ပွနေသော
ဆံနွယ်လေးတွေက
ပွယောင်နေကာ အိပ်ချင်မူးတူးဖြင့်
မျက်လုံးလေးကို ပွတ်သတ်နေရင်း
ထထိုင်လိုက်သည့် သူမလေးက
တကယ်ကလေးပမာပင်
နိုးနိုးချင်း အခန်းထဲကို ဟိုကြည့်ဒီကြည့်ဖြင့်
ကြည့်လိုက်ကာ ရေချိုးခန်းထဲက
ရေကျသံလေးကြောင့် လူကြီးရေချိုးနေမှန်း
သိလိုက်ရသည်
မြတ်သောတစ်ယောက် ရေချိုးပြီးသည်နှင့်
ရေချိုးခန်းထဲမှထွက်လာကာ
အခန်းထဲသို့ ဝင်လာလိုက်စဥ်
လှပပြီး ကျော့ရှင်းနေသည့်
ပန်းနုရောင် ဂါဝန်လေးကိုဝတ်ထားကာ
မှန်တင်ခုံရှေ့တွင် သနခါးလေးလူးနေသည့်
သူမလေးကြောင့် ပြုံးလိုက်မိသည်
မှန်ထဲကနေတစ်ဆင့် မြင်လိုက်ရသည့်
လူကြီးကြောင့်
သဲ ရှက်သွေးဖျားသွားရကာ
ပါးလေးတွေ ရဲတက်လာရ၏
အဝတ်မဝတ်ထားသည့် အပေါ်ပိုင်းက
ရေစက်တို့ဖြင့် တွဲခိုနေကာ
ကြွက်သားအမြောင်မြောင်ထနေသည့်
ဘောဒီတောင့်တောင့်ကြီးကို မြင်ပြီး
ပါးလေးတွေ ပူတက်နေသည်
သဲ သနခါးရေကျဲလေးကို
အမြန်လူးလိုက်ကာ
အောက်ထပ်သို့ ဆင်းလာတော့
ထမင်းဝိုင်းလေးမှာ
အငွေ့တလူးလူးထနေသည့်
ဟင်းပွဲတို့က အသင့်
ထမင်းဝိုင်းလေးကို ကြည့်ကာ
ဗိုက်ကဆာလာသည်မို့ အမြန်ဝင်ထိုင်ရင်း
အပေါ်ထပ်က ဆင်းမလာသေးသည့်
လူကြီးကြောင့် အလိုမကျစွာဖြင့်
နှခမ်းလေးဆူလိုက်သည့် သူမလေးက
အသဲယားဖွယ်ရာ
" မမလေး စားတော့မှာလား.."
သူမအနားသို့လာကာ မေးလိုက်သည့်
မပုကြောင့် ခေါင်းလေးကို
ခပ်သွက်သွက်ငြိမ့်ပြလိုက်ရင်း
ဗိုက်လေးကိုပွတ်ကာ
" သဲ အရမ်းဗိုက်ဆာနေပြီ မပုရဲ့.."
" ဟုတ်ပါပြီရှင်
ဒါဆို မပု ပြင်လိုက်တော့မယ်နော် "
YOU ARE READING
ဇနီးဆိုးလေး ( Complete )
Romance🌼🌼 Intro 🌼🌼 မိဘသဘောတူ လက်ထပ်လိုက်ရသည့် သူတို့နှစ်ဦး ငယ်ငယ်ခနဲက သိခဲ့ပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စကားကောင်းကောင်းမပြောဘူးသလို တစ်စိမ်းလိုဖြစ်နေသည့် သူတို့နှစ်ဦး လက်ထပ်လိုက်ရတဲ့အခါ.... အချစ်ရေးကိစ္စတွေမှာ အေးစက်နေသည့် မင်ထက်မြတ်သော မိဘပေး...
