{123-2}

3.5K 422 6
                                    

မမြင်ရဘူးဆိုတဲ့ချစ်တို့အတွက်ပါ(⁠●⁠♡⁠∀⁠♡⁠)

Unicode

ကျိချင်းကျိုး ရွှင်မြူးစွာ သူ့ကို ကြည့်လိုက်တယ် ။

“ကြည့်လေ။ခင်ဗျားပဲ အဲ့လိုပြောခဲ့တာမဟုတ်ဘူးလား”

ချူချန်မှာ မနိုင်သလိုမျိုး ခေါင်းလေးခါသည်။

“ဟုတ်ပါတယ်။ဟုတ်ပါတယ်ဗျာ။မင်းက သိပ်တော်လွန်းပါတယ်။ ကိုယ်က မင်းလောက်မတော်တာမို့ စကားမပြောတတ်မဆိုတတ်ဖြစ်သွားတာပါ။”

သူ့ရဲ့ အလျော့ပေးသည့် စကားတွေနားထောင်းရင်း ကျိချင်းကျိုးမှာ ရယ်မိတော့သည်။

“ဟုတ်ပနော် လူတိုင်း ခင်ဗျားလောက် ပြောရဆိုရလွယ်ရင် သိပ်ကောင်းမှာပဲ”

ပြန်တွေးကြည့်ပြန်တော့လည်း သူကူးပြောင်းပြီးပြီးချင်းတွေ့ရသည့်လူက ချူချန်နေရာမှာ တစ်ခြားလူသာဆို ချက်ချင်းကြီး အတူအိပ်ဖို့အတွက် သဘောတူနိုင်လိမ့်မည်မဟုတ်ပါ။တစ်ဆင့်ချင်းသွားဖို့ သူပြောမိလိမ့်မည်။ဒါမှမဟုတ် သဘောတူချင်မှလည်း တူဖြစ်လိမ့်မည်။တကယ်လို့ ရှန်းဝမ့်ရှီသာဆိုလို့ကတော့ “လစ်လိုက်တော့” လို့တန်းပြောမိနိုင်လောက်တယ်။ဒါ့ပြင် သူ့ကိုယ်ပိုင်နေရာလေးအား ဆုပ်ကိုင်ထားမိမှာပင်။

ဟိုးကနဦးအစတည်းက သူ့အပေါ် စောင့်ရှောက်ပေးခဲ့သူမှာ လူတွေအများကြီးထဲကမှ ချူချန်ဆိုသော သူသာလျှင်ဖြစ်သောကြောင့် သူကလည်း အမြဲတမ်း ချူချန်ကိုသာ အယုံကြည်ရဆုံးဖြစ်နေရခြင်း။ချူချန် သူ့ကို အလျော့‌ပေးခဲ့တာတွေကိုလည်း သူအစပိုင်းတည်းကသိပါတယ်။ထို့ကြောင့် ချူချန်ရဲ့ အနေအထားက သူတွေ့ဖူးသမျှ လူတွေထက် မြင့်မားနေတာတောင်  ချူချန်အပေါ် တစ်ခါမှ ကြောက်စိတ်မဝင်ခဲ့ဖူးပါ။ချူချန်ရှေ့ဆို ဘာစောင့်ထိန်းမှုမှမပါရှိပါဘဲ အစွယ်တွေ လက်သည်းတွေကို ထုတ်ပြရဲခဲ့သည်။အဲဒါကလည်း ချူချန်ဆိုသောသူသည် သူ့အား ဘယ်သောအခါမှ နာကျင်စေလိမ့်မည်မဟုတ်ကြောင်း သိနေ၍ပင် ။

“ခင်ဗျားက အရမ်းကောင်းတာပဲ” ချူချန်အား မော့နမ်းလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now