part-32

5.7K 239 10
                                    

"မလာဘူး လွှတ်!!!!!!"

အခန်းထဲကနေ အကြမ်းပတမ်းဆွဲထုတ်နေ
တာကို ရွက်စိမ်းတောင့်ခံရင်း ရုန်းမိသည် ။
ကားပေါ်ရောက်တာနဲ့တခြားနိုင်ငံကို တန်းပါသွားဖို့ကအလွယ်လေး
မကောင်းမှုအတွက် ဘယ်အရာမဆို
လွတ်လွတ်လပ်လပ်ဖြစ်နေတဲ့ ဒီဒေသမှာ
ရွက်စိမ်းအတွက် ခွန် သည်သာ အားကိုးရာ

"မင်း လင် ကိုမျှော်မနေနဲ့ သူမလာနိုင်တော့ဘူး"

"ဟင့်အင်း လာမှာ သူအရောက်လာမှာ စောင့်ကြည့်နေ!!!!'

"ဖြန်း!!!!!!'

ပါးစောင်တစ်ဖက်ကျိန်းစက်သွားသည်။
နှုတ်ခမ်းထောင့်ကသွေးတို့က တစက်စက်ကျဆင်းလာ၏။
ဆံနွယ်ရှည်တို့က မျက်နှာတစ်ခြမ်းတို့ကို အုပ်မိုးသွားပေမယ့် ရွက်စိမ်းရဲ့ အကြည့်တွေက
Jay အပေါ်မှာစူးနင့်စွာ

"နင်ကြောက်နေတာ!!!!!!"

"ဘာ ငါကကြောက်စရာလား ရွက်စိမ်း
ကားပေါ်အခုတက်!!!!"

"အဟင်း တက်ပါ့မယ် ဒါပေမယ့် တစ်ခုတော့ရှိတယ် နင့်အတွက်ငါစိတ်မကောင်းပါဘူး
ဒီလိုခွဲခွာခြင်းမျိုး ဘယ်ဘ၀မှာမှ မကြုံရဖို့ဆုတောင်းတယ်"

"ဘာ!!!!"

ဘာ လို့ အသံကမထွက်နိုင်ပဲ နှုတ်ကနေ ခပ်ဟဟဖြစ်သွားရသည်။
ကြောက်ရွံ့ခြင်းမရှိတဲ့ အကြည့်တွေက တစ်ခုခုဖြစ်လာတော့မှာကို ကြိုသိနေတဲ့အတိုင်း

ကားသာမောင်းထွက်လာရသည်။
ဘေးကနှစ်စီး ရှေ့က သုံးစီး
နောက်ကသုံးစီး ကာကွယ်ယူပါလာတာတောင် Jay ရင်မအေးနိုင်

ဒီလို‌အနေထားတွေ‌ရဖို့ သေသွားတဲ့ ဦးလေးရဲ့ ပိုင်ဆိုင်မှုတွေ သူအရဖြောင်ခဲ့ရသည်။
တရားမ၀င်လုပ်ငန်းတချို့ကို ကိုယ်တိုင်ကိုင်တွယ်ရင်း
တစ်ဖက်နိုင်ငံကို ဘေးရန်မခကူးရဖို့ ပေးဆပ်ရတာနဲလား

"ဆရာ စိတ်မပူပါနဲ့ ကျွန်တော်တို့ လမ်းကြောင်းကရှင်းနေတာပဲဟာ မကြာခင် အဆင်ပြေတော့မှာပါ"

ကားမောင်းနေတဲ့ တပည့်က လှမ်းပြောပေမယ့် ဆေးလိပ်ကိုထုတ်သောက်ရတာတောင်အဆင်မပြေလှ
မီးမထွက်သည့် မီးခြစ်ကို ပစ်လွှတ်လိုက်ရင်း
တစ်လမ်းလုံး ဆဲဆိုနေမိတော့တာ

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now