RVTIACF Chapter-(54)

967 137 18
                                    

CHAPTER-(54)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

သူ့အမူအရာကို ချုရှောင်းသတိထားမိပြီး သူမအပြုံးကိုလည်း ဆက်ထိန်းထားရသည်။

"တစ်ဆိတ်လောက်ပါ ဥက္ကဋ္ဌ ရှောင်း။ ကြည့်ရတာတော့ အဖေကမိသားစုနဲ့အတူ အချိန်ဖြုန်းချင်တယ် ထင်ပါရဲ့။ ဒါကြောင့်ပဲ သူညတိုင်းမိသားစုနဲ့အတူတူ ညစာစားရတာ သဘောကျတယ်။"

ရှောင်းဟန် လက်ဖက်ရည်နှပ်ရင်း သူ့လက်ဖက်ရည်ခွက်လေးနဲ့ နေရာမှာပြန်ထိုင်လိုက်၏။

"ရပါတယ်ဗျာ....မိသားစုက အရေးကြီးတာပေါ့။ စကားမစပ် missချူမှာ ညဘက်အပြင်ထွက်ခွင့်ကန့်သတ်တာမျိုး တွေရှိလား? အဲ့လိုသာဆို ညဘက်ပွဲတွေသိပ်တတ်နိုင်မှာ မဟုတ်ဘူး။"

သူ့မျက်လုံးတွေတည့်တည့်ကြည့်ရင်း ချူရှောင်း အပြုံးတစ်ခု ညစ်ထုတ်ကာ

"အပြင်ထွက်ခွင့် ကန့်သတ်တာမျိုး မရှိပေမယ့်လည်း အဲ့လိုညစာစားပွဲတွေတတ်ရတာမျိုး မကြိုက်ဘူး။ ကျွန်မလည်း ဒီတစ်လောအလုပ်များနေတော့ မဖြစ်မနေတတ်စရာမလိုတဲ့ ညစာစားပွဲမျိုး တတ်ဖို့လိုမယ်မထင်ဘူး။"

"ခဏလောက် အနားယူတာလည်း သိပ်မဆိုးဘူး။ အလုပ်နဲ့နားချိန်ကို ဟန်ချက်ထိန်းတာကလည်း လုပ်နိုင်စွမ်းကို တိုးစေတယ်။"

ရှောင်းဟန်ခမျာ သူနဲ့အတူအချိန်ဖြုန်းဖို့ စကားရိပ်သန်းနေတာဖြစ်ပေမယ့် ချုရှောင်းကတော့ နားမလည်ရှာ။

"အနားယူဖို့ အချိန်မလိုပါဘူးရှင်။ အလုပ်လုပ်တာ လုံလောက်တယ်ဆိုတာထက်တောင် ပိုနေပါပြီ။ အရင်က ပြက်တီးပြက်ချော်လုပ်ရင်း အချိန်​ဖြုန်းခဲ့သမျှအတွက် ပြန်ပြင်ဆင်ပြီးတတ်နိုင်သမျှ အများကြီး သင်ယူချင်တယ်။"

ရှောင်းဟန် မျက်ခုံးအနည်းငယ်ပင့်လျက်

"စီးပွားရေးအကြောင်း ပိုလေ့လာချင်တယ်? ဒါရိုက်တာချုရော ဒါရိုက်တာဖန်ရောရဲ့ စီးပွားရေးနည်းလမ်းတွေက အတော်လေး ခေတ်နောက်ကျနေပြီ။ တခြားတစ်နည်းပြောရမယ်ဆို ကျွန်တော့်အကြံနဲ့တွေးခေါ်ပုံတွေက နောက်မျိုးဆက်တွေအတွက် ....မင်းအတွက် ပိုသင့်တော်တယ်။ missချုအချိန်ရတဲ့အခါတိုင်း ကျွန်တော့်စီးပွားရေးအတွေ့အကြုံတွေကို ပြောပြခွင့်ရဖို့ဆိုတာ ဆန္ဒရှိတာထက်တောင် ပိုပါသေးတယ်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now