RVTIACF Chapter-(56)

1K 142 9
                                    

CHAPTER-(56)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရုတ်တရက် ချူရှောင်းနဲ့စကားပြောတာ ဘယ်လိုနေလဲမေးလာတဲ့ ယိကျန့်ဟောင်ဆီက ဖုန်းကောလ်ဝင်လာသည်။ ယိချန်ဒေါသထွက်စွာ အကြောင်းပြန်လေသည်။

"ကျွန်တော့်ကို စိတ်ဆိုးနေသေးသလို စကားမပြောချင်ဘူး။ အခုသူ့ဘေးမှာ ရှောင်းဟန်ရှိနေမှတော့ ဘယ်လိုလုပ်ကျွန်တော်နဲ့ စကားပြောချင်မှာလဲ? အရင်ချူရှောင်း ကျွန်တော်နဲ့ရှိနေတုန်းက တခြားဘယ်ကောင်နဲ့မှ အနေမနီးဖူးဘူး။"

"မင်းလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို တာဝန်ယူဖို့နည်းလမ်းရှာတာ ပိုကောင်းမယ်။ ငါတို့မိသားစု စီးပွားရေးက ဟာသမဟုတ်ဘူး။ စျေးပြိုင်တာစတော့မှာမို့ လေလံကိုလက်လျော့ဖို့ ချူရှောင်းကိုစည်းရုံးတာ အမြန်လုပ်။"

"ကောင်းပါပြီ။ ချူရှောင်း ဘာကြိုက်လဲ ကျွန်တော်သိတယ်။ သူမကို သေချာပေါက်ပြန်ရမှာ။ ဒါဆိုတော့ ကျွန်တော်တို့ စိတ်ပူစရာ မရှိပါဘူး။ သူလေလံလုသွားရင်တောင် အဆုံးကျတော့ ကျွန်တော်တို့တွေက မိသားစုတွေပဲ။ မလိုအပ်တာတွေ စိတ်ပူတာရပ်ပါတော့ဗျာ။"

ချူရှောင်း သူ့ဆီသေချာပေါက်ပြန်လာမယ်ဆိုတာ နှလုံးသားအောက်ခြေကနေယုံကြည်လျက် ယိချန်ပြောလေသည်။

အရင်က သူမခံစားချက်တွေကို ထိခိုက်စေတယ်ဆိုရင်တောင် သူတို့နှစ်တွေအကြာကြီး အတူတူရှိနေတဲ့ မေတ္တာတွေရှိနေတာ သေချာပေါက်ပဲမို့ သူခေါင်းငုံ့ပြီးတောင်းဆိုလာရင် သူမခွင့်လွှတ်ပေးဖို့ ဆန္ဒရှိပေလိမ့်မည်။ သူမကိုသူ့ဘက်ပြန်ခေါ်နိုင်မယ်ဆိုတာ ယိချန်သေချာနေပေမယ့် အဓိကပြသနာက အချိန်ပင်။

* * * *

တက္ကသိုလ်မှာ ချူရှောင်းနဲ့နီးကပ်နေရင်တောင် စကားပြောဆိုခွင့်မရှိတာကြောင့် ဝင်ပေါက်နားမှာ သူ့Sport carကိုထိုးပြီး သူမကိုမတ်တပ်ရပ် စောင့်နေ၏။ (sport car: ကိုယ်ထည့်နိမ့်ပြီး အလွန်မြန်သည့်ကား) လမ်းကိုသာပိတ်စောင့်နေရင် ထွက်သွားဖို့သူ့ကို ဖြတ်သွားရမည်က မလွဲပေ။ ထိုအချိန်ကျမှ သူမကိုနှင်းဆီပန်းစည်းကြီး ပေးလိုက်မည်ဖြစ်သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now