အခန်း - ၂၄
|| အသာစီးမယူတဲ့ လူယုတ်မာ - ၂ ||
------- uni - version ---------
------- translator @Lulu ------------
ရှေးခေတ်က အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းတွေက ဒီလိုပဲ သဘောကောင်း
တာလား ? ။
တင်းယိ က တာဝန်ခံအစ်ကိုကြီး အား
အရူးမလုပ်ပါနဲ့ အကြည့်ဖြင့်ကြည့်လိုက်
သည် ။ သူမ ၏ နှုတ်ခမ်းတွေက ပြေပြစ်
စွာ တုန်ခါပြီးပြောလိုက်သည် ;
" အစ်ကိုကြီး , ကျွန်မ တို့က တခြားနယ်က
လာတာဆိုပေမဲ့ လွယ်လွယ်နဲ့ လှည့်စားလို့
မရဘူးနော် ၊ ကျွန်မ တို့ကို လာ မလိမ်နေစမ်း
ပါနဲ့ "
တရားမဝင်တဲ့ စာချုပ်နဲ့ ငါ့ စီက ပိုက်ဆံရ
အောင် လိမ်လည်နေတာဆိုရင် အိမ်မက် ,မက်
မနေနဲ့တော့ ! ။
အလိမ်ခံရထိမှာကို ကာကွယ်ရန်အတွက်
တင်းယိ သည် သူမ မျက်နှာကို ငုံ့လိုက်ပြီး
မုယွဲ့ ရှီး အား ထွက်သွားရန် ဆွဲခေါ်လာခဲ့သည် ။
မထင်မှတ်ထားသည်က တာဝန်ခံအစ်ကိုကြီး
၏ အမူအရာမှာ သိသိသာသာကို ပြောင်းလဲသွား
ပြီး သူမ ကို အမြန် ဆွဲလာလေသည် -
" အာ , မိန်းကလေး ခဏနေပါဦး ၊
စိတ်မဆိုးပါနဲ့ ပြောစရာရှိရင် ကောင်းကောင်း
မွန်မွန်လေး ပြောကြတာပေါ့ ။ အရောင်းအဝယ်
အတွက် စျေးညှိနှိုင်းလို့ ရပါတယ်ဗျာ ,
ရွှေချောင်း တစ်ချောင်းစျေးကို များတယ်လို့
ထင်ရင် ကျုပ် ၂၀ % လျော့ပေးမယ်လေ
ဘယ်လိုလဲ ? "
တင်းယိ မှာ သူမ ကြားလိုက်ရသည့် စကား
ကို မယုံနိုင်ဖြစ်မိတာကြောင့် ခြေလှမ်းတွေ
ရပ်သွားမိသည် :
" ရှင် ဘာပြောလိုက်တာ ? "
တာဝန်ခံ အစ်ကိုကြီးကတော့ သူ့ မျက်နှာ
တစ်ခုလုံးကို အပြုံးတွေဖြင့် -
" တကယ်လို့ မိန်းကလေးသာ စျေးနှုန်း
ကို မကျေနပ်ရင် ကျုပ်တို့ ညှိနှိုင်းကြတာပေါ့ "
" ရိုးသားတဲ့သူတွေက မလိမ်ညာတတ်ဘူး ၊
ဘယ်လောက်ကျလဲသာ ပြောစမ်းပါ ! "
" ၂၀ % လျော့စျေးဆိုရင် ဘယ်လိုလဲ ? "
တင်းယိ ၏ ထူးဆန်းတဲ့ အမူအရာကို တွေ့
လိုက်ရတော့ တာဝန်ခံအစ်ကိုကြီး မှာ စိတ်
လှုပ်ရှားပုံဖြစ်လာသည် :
" ၃၀ % ၊ ၇၀ % က နောက်ဆုံးပဲ
ကောင်မလေး မင်း စျေးနှိမ်တယ်ဆိုရင်လည်း
အနည်းဆုံးတော့ ကရုဏာထားပါဦး ဒီ့ထက်
တော့ ထပ်မလျှော့ပေးနိုင်တော့ဘူး "
BINABASA MO ANG
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...
