ကူညီပါ!

1.5K 227 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၂၅ ။ ကူညီပါ!

ထောင်မုမှ ပိုးသားထဲတွင် အပ်ကိုဝှက်ထားခဲ့သည့်ပုံစံဖြင့် သူ၏ ဒါရိုက်တာစွမ်းရည်နှင့် ပတ်သတ်ပြီး ဆွေးနွေးပြီးနောက်တွင် (TN: ဉာဏ်ကိုလွှာသုံး၍ အနိုင်ပိုင်းခဲ့သည်) ချန်းပေါင်သုန့်သည် စကားပင် ဆက်မပြောချင်တော့ပေ။ သူသည် ထောင်မုကို ဆက်ပြီးသရုပ်ဆောင်ရန်အတွက် ရိုက်ကူးရေးနေရာသို့ ပြန်သွားရန် လက်ကိုဝှေ့ရမ်း၍ အချက်ပြခဲ့သည်။

ရှန်းယွီနှင့် အခြားသူများသည် ချန်းပေါင်သုန့်၏ နောက်တွင် ငြိမ်ငြိမ်လေး ထိုင်နေကြပြီး ထောင်မု သရုပ်ဆောင်နေသည်ကို ကြည့်နေကြသည်။ နေ့လယ်ခင်းတွင် သူတို့သည် အဖွဲ့သားများနှင့်အတူ နေ့လည်စာစားခဲ့သည်။ ထောင်မုသည် သူတို့နှင့်အတူ ကာရာအိုကေတွင် သီချင်းသွားဆိုမည် သို့မဟုတ် ကလပ်သွားမည် မဟုတ်ကြောင်းကို ထပ်ခါတလဲလဲ ပြောဆိုပြီးနောက်တွင် ရှန်းယွီနှင့် အခြားသူများသည် စိတ်ပျက်စွာဖြင့်ပြန်သွားခဲ့ကြသည်။

ညနေအလုပ်ဆင်းသည့်အခါတွင် ထောင်မုသည် သူငယ်ချင်းနှစ်ယောက်နှင့်အတူ အငှားအိမ်သို့ ပြန်လာခဲ့လိုက်သည်။ ညစာအတွက် ဖျင်ကျဲ၏ စားသောက်ဆိုင်မှ ဟင်းအနည်းငယ်ကို မှာယူခဲ့သည်။ ထမင်းစားနေရင်း တစ်၀က်တစ်ပျက်တွင် Weiboပေါ်မှ တွေ့ခဲ့သည့် မိန်းကလေးများသည် တမောက်ဆီသို့ ဖုန်းဆက်လာခဲ့သည်။

တမောက် သူ၏တူကို ချလိုက်ပြီး"ဘာလဲ၊ မင်းတို့ Hမြို့ကိုရောက်နေပြီလား?"သူသည် အနည်းငယ်အံ့ဩသွားသည့်ပုံစံဖြင့် "မင်းတို့ နောက်ကျနေပြီကို အဲ့ဒီမှာပဲ ရှိသေးတာလား?" ဟု မေးခဲ့သည်။

တစ်ဖက်မှ ဘာပြောနေမှန်းမသိသော်လည်းတမောက် ပြန်ဖြေပုံသည် အကူညီလိုနေသည့်ပုံရသည် "ကောင်းပြီမင်းတို့တွေ အရင်ဆုံး တက္ကစီစီးပြီး စတူဒီယို ရဲ့ ဝင်ပေါက်ကို လာခဲ့လိုက် ငါအဲ့ဒီမှာ မင်းတို့ကို လာခေါ်မယ်။"

ဖုန်းချပြီးနောက်တွင် တမောက်သည် ထောင်မုကို အကျိုးအကြောင်းရှင်းပြခဲ့သည် "ငါတို့ မကြာသေးခင်ကမှ ဖျော်ဖြေရေးအတင်းအဖျင်းတချို့နဲ့ H စတူဒီယို ရဲ့သတင်းတွေကို Tieba နဲ့ Weibo မှာ တင်ခဲ့သေးတယ်လေ ဟုတ်တယ်ဟုတ်။ အင်တာနက်သုံးစွဲသူတော်တော်များများကလည်း သိချင်လာကြပြီးတော့ တချို့လူတွေကကျ နွေရာသီ အားလပ်ရက်မှာ ငါတို့ဆီကိုလာပြီး အတွေ့အကြုံယူချင်ကြတယ်။ ခုနက ဖုန်းဆက်လာတဲ့သူက ငါတို့ရဲ့ပရိတ်သတ်လေ။ သူတို့က အထက်တန်းကျောင်းပြီးထားတဲ့ မိန်းကလေး‌တွေ။ ကျောင်းမဖွင့်ခင် Hမြို့ကို အလည်လာပြီး သူတို့ အိုင်ဒေါတွေရဲ့ ရိုက်ကွင်းနေရာတွေကို သွားကြည့်ချင်ကြတာ။ ဒါမယ့် လေယာဉ်က နှောင့်နှေးမှုဖြစ်သွားတာမို့လို့ H မြို့ကို ရောက်တဲ့အခါကျ မှောင်နေပြီ။ မိန်းကလေးတွေကလည်း နည်းနည်းလန့်နေကြတယ် နောက်ပြီး သူတို့က ငါ့ကို လာခေါ်ခိုင်းနေကြတယ်"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now