နေသော်က ကိုတောင် သေချာမနှုတ်ဆက်နိုင်ပဲ ဝဏ္ဏ တစ်ယောက်ကားကို အတင်းအကြမ်းမောင်းလာခဲ့သည်။
သူ့စိတ်ထဲမှာ လေဆိပ်ကို အမြန်ရောက်ချင်ဇော သာကပ်နေ၏။
ထို့ကြောင့် မီးနီနေတာလဲ မမြင်တော့ ကားကို အရှိန်တင်ကာ ဇွတ်တရွက် မောင်းနှင်လာခဲ့လေသည်။
မျက်ဝန်းအိမ်မှာလဲ မျက်ရည်မိုးတို့ဆွေ နေ၏။
ရင်ဘက်တစ်နေရာကလဲ နင့်နင့်သီးသီး ခံစားနေရသည်။
စကားလုံးတွေနဲ့ ပုံဖော်လို့မရတဲ့ ခံစားချက် တစ်ခုက စိုးမိုးနေဆဲ
သူမသိတော့ဘူး ခုချိန် သူ ထိုလူသားအားတွေ့ချင်သည် ပွေ့ဖတ်ထားချင်သည် ထွက်မသွားပါနဲ့လို့ တားချင်သည်
ထိုလူသားလေးကတော့ သူ့ကို နှုတ်ပင်မဆက် ထွက်ခွာသွားပုံများ ပြတ်သားလွန်းလှ၏။
ဝဏ္ဏ ကားကို ဘယ်လောက် အရှိန်ပြင်းပြင်းမောင်းမောင်း လိုရာခရီးကို မရောက်နိုင် ကားက နှေးကွေးလွန်းနေသလိုပင်
................................................................................
အက်စ်ဆမ်း / မဟာ
မဟာ / ဟင် အော် အင်း
အတွေးလွန်နေပုံရတဲ့ မဟာက အက်စ်ဆမ်းအသံကြားမှ
အိမ်မက်က နိုးထလာသလို အယောင်ယောင်အမှားမှားဖြင့် ထူးလေ၏။
အက်စ်ဆမ်း / ဒီစာ ဝဏ္ဏကို ပေး လိုက်ပါ ပြီးတော့ ငါနှုတ်ဆက်ခဲ့တယ်လို့ရော သေချာပြောပေးနော်
မဟာက စာအိတ်လေးကို ယူကာ
မဟာ / ဘယ်အချိန်တုန်းက ဒီလောက်ရင်းနှီးသွားတာလဲ
မဟာ့အမေးကြောင့် နှုတ်ဆိတ်သွားသူမှာ အက်စ်ဆမ်းပင်
ထိုအချင်းအရာကို မြင်သွားတဲ့ မဟာက
မဟာ / ဘာလဲ ဇာတ်လမ်းတွေများလား
မဟာက မသိလို့ စနောက်လိုက်ပေမဲ့ အက်စ်ဆမ်းက အရှက်ပိုကာ
မဟာ့ကို ထုရိုက်လေသည်။
ဒါကို သဘောကျကာ မဟာနဲ့ ရိုဟန်က ရယ်လေ၏။
အက်စ်ဆမ်း / တော်ပြီ တော်ပြီ မင်းတို့အဲ့လိုစနောက်နေမှာဆို
လေယာဥ်ပေါ် တက်တဲ့အထိ မစောင့်ပေးနဲ့တော့ ပြန်တော့ သွား
အက်စ်ဆမ်းက စိတ်ဆိုးကာ ဂျစ်ကန်ကန်ပြောလာတော့
သူတို့ ထပ်မစတော့ပဲ ခဏငြိမ်လိုက်ကြသည်။
ခဏအကြာ ကောင်တာ ကနေ လေယာဥ်ဆိုက်ရောက်လာပြီဖြစ်ကြောင်းပြောတော့ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ
YOU ARE READING
အသက်တမျှ အသက္တမွ်