716 - 720

114 10 0
                                    


Godly Sword System
Chapter 716 စိတ်ဝိဉာဉ်လက်နက်တွေ. . ။
Translated by Thura

ပိုင်ဟီမြို့အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိတဲ့ လူတိုင်း မှင်သက်သွားမိတယ်။

ယန်ချီက ဒီလောက်ထိ ယုံကြည်မှုရှိနေလိမ့်မယ်လို့ သူတို့တွေ လုံးဝကို မထင်မိပါဘူး။

အားလုံး သိတဲ့အတိုင်း ဦးဆောင်လာတာက မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်တောင်လေ။

လူတိုင်းရဲ့ အမြင်မှာတော့ မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်ဆိုတာက တကယ်ကို ကြောက်မက်ဖွယ်ကောင်းသူတွေပါ။

ဒါပေမယ့်လည်း ယန်ချီရဲ့ စကားထဲမှာတော့ ဒီ မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်က ယန်ချီအရှေ့မှာတော့ သနားစရာပါပဲ။

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်ကလည်း ယန်ချီကို အလွန်တရ ဒေါသထွက်နေခဲ့ကြပြီး အေးစက်စက် အမူအယာတွေနဲ့ ကြည့်နေခဲ့ကြတယ်။

“လူသား မင်းက ဘာကြောင့် ဒီလောက် မောက်မာနေတာလဲ”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ တစ်ကောင်က ယန်ချီကို စူးစိုက်ကြည့်ပြီး ကျယ်လောင်စွာ မေးလိုက်တယ်။

“စွမ်းအားကြောင့်ပဲလေ. . . ”

ယန်ချီက လိုရင်းကိုသာ ပြောလိုက်တယ်။

“စွမ်းအား ကြောင့်လား. . ”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်က အေးစက်စက် ပြုံးလိုက်တယ်။ သူတို့ရဲ့ အမြင်မှာတော့ ဒီ စိတ်ဝိဉာဉ်ကုန်းမြေမှာ ယန်ချီက တကယ်ကို ရယ်စရာ အကောင်းဆုံး လူသားတစ်ယောက်လို့ မြင်နေခဲ့တယ်။

“လူသား မင်းရဲ့ စွမ်းအားနဲ့ ငါတို့ကို ရင်ဆိုင်နိုင်တယ် ထင်နေတာလား”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်ရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို အားနည်းတဲ့ ပုရွတ်ဆိတ်တစ်ကောင်ပါ။

အပြင်ဖက် ခံစစ်တံတိုင်းအပေါ်မှာ ရှိနေတဲ့ လူတိုင်းကလည်း ယန်ချီ ဘာဆက်ပြောမလဲဆိုပြီး ယန်ချီကို ကြည့်နေခဲ့ကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now