extra (🚨🚨🚨🚨)

17.3K 405 69
                                    

ခြောက်လခန့်ကြာပြီးနောက်

"သမီး ဒီအိမ်လေးမှာ နေပြီး တစ်ယောက်ထဲ တစ်ကုပ်ကုပ်အလုပ်လုပ်နေရတာ မပင်ပန်း ဘူးလားကွယ်"

"ရွက်စိမ်း အလုပ်ထဲမှာပဲ စိတ်နှစ်ချင်လို့ပါ ဒါပေမယ့် "

"ကိုယ့်ခင်ပွန်း ကို အကြာကြီး စိတ်မကောက်နဲ့တော့လေ သမီးရယ် ဟို‌တစ်ခါက သမီးကို ကားပေါ်ကနေ သူ့အိမ်ဆီခေါ်လို့ရတာတောင် သမီးနေချင်တဲ့ ဒီအိမ် ပြန်ပို့ထားတာပဲကြည့်"

အိမ်ကိုတော့ ချောင်းပေါက်
္မတတ် လာနေတာ‌ေလလို့တော့ သူမ မပြောချင်တော့
ပြီးတော့ သူမ စိတ်ကောက်နေတာလည်း မဟုတ်
ခွန် သူမကို တမင်သက်သက် လှည့်စားလို့သာ စိတ် ဆိုးနေရတာဖြစ်သည်။

"အခုအပြင်ဂိုက်ဝိုင်းတွေ ဖြုတ်နေပါပြီ မကြာခင် အော်ဒါကျရင် ရွက်စိမး် နယ်ဖြစ်ဖြစ်သွားရမှာ"

"‌သူသိသလား???'

"သူသိဖို့မလိုပါဘူး ဒီကာလတွေ မှာ သူ့လုပ်ရပ်တွေကို လက်ခံပေးဖို့ ရွက်စိမ်းစဉ်းစားရဦးမှာ"

"တဖက်ကရန်သူမှမဟုတ်တာ သမီးရယ် အလံဖြူပြနေကာမှ....'

"သူထားသွားပြီဆိုတဲ့အသိနဲ့ ရင်ကွဲခဲ့ရတာက ဒီလို အလံဖြူလေး ခဏတာ ပြရုံနဲ့ အဆင်မပြေဘူး ဒေါ်လေး
တချို့စိတ်မလုံခြုံမှုတွေအတွက် ရွက်စိမ်း အချိန်လိုတယ်
သူစိတ်မကြည်တိုင်းထားသွားမယ့် အဖြစ်တွေ ကို သည်းမခံချင်တော့လို့"

ရွက်စိမး်ပြောတာလေးကြောင့် သူမနှုတ်ဆိတ်နေလိုက်သည်။
ဒီကလေး ညစဉ်ငိုပြီး ဆုတောင်းသံတွေ မကြားဘဲရှိပါ့မလား
နေ့တိုင်း သူ့နဲ့ တွေ့ခွင့်ရဖို့ စောင့်စားနေတာ သူမအသိဆုံး
အနီးနားမှာ ရှိနေတာ သိသွားတော့
သူမလေးစိတ်အရမ်းဆိုးသွားတာဖြစ်လောက်သည်။
အချစ်ကြီးတော့ အမျက်ကြီးတယ်ပဲ ဆိုရမလား မသိ

..............

"တာ၀န် ဘယ်နေရာကျလဲ??"

"လားရှိုးပါဆရာ"

"မမလေးက ဆရာနဲ့ တူတူ နေဖို့.......""

"သူ့အနီးတဝိုက်နေရာရှာထားလိုက်"

ထပ်မံတိတ်ဆိတ်သွားသော ခွန့် ကြောင့်
ဂျိုကာ သက်ပြင်းသဲ့သဲ့ချမိသည်။
မယုံကြည်မှုဟာ အချစ်အတွက် တကယ့်အဆိပ်ပင်
နေနိုင်တာလည်း မဟုတ်ဘဲ တဖက်သားကို ပစ်ထား သ၀န်တွေတို
ဒါကိုလည်း ချစ်ရင် ချစ်တယ် ထုတ်ပြပါလား
အဲ့ဒါလည်းမဟုတ်ပြန်
မမလေးတော့မသိ
သူကတော့ ခွန့် စိတ်ကို အချစ်ရေးနဲ့ ပတ်သတ်ရင် အတော်လေးကို လိုက်္မမှီပေ

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now