{129}

3.6K 648 35
                                    

Unicode

ရှောက်ရုံရဲ့အကြည့်က ထိုသူ့ဆီ ရွှေ့သွားပြီး ‌ဝိုးတိုးဝါးတားမှတ်မိလာ၍ထင် ယောက်ရှိုးယွမ်အား မသေမချာကြည့်လာ၏။

ယောက်ရှိုးယွမ် ရှင်းပြလိုက်သည်။

“ထန်းယွီရဲ့လူလေကွာ”

နောက်ဆုံးတော့ ရှောက်ရုံမှတ်မိသွား၏။

“အရင်တစ်ခေါက် အပြင်ထွက်တုန်းက ဘားမှာ တွေ့ခဲ့ရတဲ့တစ်ယောက်ထင်တယ်”

ယောက်ရှိုးယွမ်လည်း အရင်နှစ်ချစ်သူများနေ့၌ ယင်းနျန်ကို မြင်ချိန် တစ်နေနေရာရာမှာ မြင်ဖူးတယ်ဆိုပြီး ခံစားရပေမယ့် အတော်ကြာထိ စဉ်းစားမရပေ။ရှောက်ရုံကိုမေးဖို့ကလည်း တစ်ဖက်လူရဲ့ ဓာတ်ပုံလည်း မရိုက်ထားမိသလို နာမည်ကိုလည်း မသိပါသဖြင့် စိတ်ထဲကထုတ်ထားမိသည်။အခုရှောက်ရုံပြောမှပဲ မှတ်မိတော့တယ်။

သူနဲ့ရှောက်ရုံတို့ တစ်ခါ သွားသောက်ဖြစ်ကြတုန်းက သူတို့နဲ့ခပ်လှမ်းလှမ်းကနေ ပွက်လောရိုက်နေကြသဖြင့် နှစ်ယောက်သား လှည့်ကြည့်မိတုန်း ဒေါသတကြီးမျက်နှာနှင့် အံတင်းတင်းကြိတ်ထားသည့် ကောင်ချောလေးတစ်ယောက်က ဘာတစ်ခွန်းမှ မပြောဘဲ မတ်တပ်ကြီးပဲရပ်နေတာကို မြင်လိုက်ရသည်။ ကြည့်လိုက်တာနဲ့ အရမ်းခေါင်းကြောမာမဲ့ပုံလေး။အဆုံးမှာတော့ ထန်းယွီက ထိုင်ရာကနေထလာပြီး ထိုကောင်လေးကို ချော့၍ ထိုင်ခိုင်းရသည်အထိပင်။

ထန်းယွီ သူ့ကိုဖက်လိုက်တဲ့အချိန်တုန်းကတောင် ရှောက်ရုံကစနေသေးသည်။

“ထန်းယွီက အမြင်ရှိသားပဲဟ”

“ကံမကောင်းချင်တော့ အသုံးမဝင်တာဘဲ”

ယောက်ရှိုးယွမ်ပြောလိုက်၏။

“ သူ့မိဘတွေကကောင်လေးတစ်ယောက်နဲ့ ကြိုက်တာတော့ ခွင့်ပြုမှာမဟုတ်ဘူးကွ။အပျော်တမ်းဆိုရင် အိုကေပေမယ့် လက်ထပ်ဖို့တော့မဖြစ်နိုင်ဘူး။သူ့ဘာသာ ဘာမှမလိုချင်ပါဘူးဆိုရင်တောင် ထန်မိသားစုကနေ ကန်ထုတ်ခံရမှာပဲ”

“အင်း” ရှောက်ရုံထောက်ခံလိုက်သည်။

ဒီလူက ကျိချင်းကျိုးရဲ့သူငယ်ချင်းဖြစ်လာလိမ့်မယ်လို့ မထင်ထားမိရိုးအမှန်....

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now