Part - 24 🖤🖤 ( Zg + Uni)

4.3K 134 3
                                        


🦋🦋  ပက်ပက်စက်စက်ကြွေ   🦋🦋
( Part - 24   )

" အေးပါ ဒါဆို နားထောင်။
ခုဏက ငါ စာရွက်လေးတွေ ဖြဲပြီး မဲလိပ်ထားတယ်
စုစုပေါင်း မဲလိပ်က အခုနှစ်​ဆယ်​ရှိတယ်
အဲ့ဒီ အခုနှစ်​ဆယ်​က မေးရမယ့် မဲလိပ်တွေ
မဟုတ်ဘူး။ အခု ငါ ပြောမယ့် ဂိမ်းမှာ
မင်းတို့ ရှူံးသွားရင် တစ်ယောက်ချင်းစီက
မဲနှိုက်ပြီး မဲလိပ်​ကျရာကို လုပ်ရမယ်
တစ်ချို့အရာတွေက မဲလိပ်ထဲမှာ
နှစ်ယောက်တူတူလုပ်ဆောင်ရမယ်။
အဲ့တာကို သဘောတူရင် ဆော့လို့ရပြီ။ "

" မဆိုးဘူး စိတ်ဝင်စားတယ်ဟ။ "

" ငါရော "

" ​ဆော့မယ်​​လေ ဒါဆို "

အပြိုင်အဆိုင်နဲ့ ထောက်ခံနေကြသဖြင့်
မောင် ချောင်းတစ်ချက်ဟန့်လိုက်မိသည်။

" အဟမ်း.. ဟမ်း ဒါဆို စပြောမယ်နော်
ငါတို့ ဆောမယ့်ဂိမ်းက စကားထာဝှက်နည်းပဲ။
အခု လူက ငါးယောက်ရှိတာဆိုတော့
နံပါတ်စဉ်ခွဲပေးမယ်။ ကောင်းစံ က
နံပါတ်တစ်၊ ရှိုင်းဆက် က နံပါတ်နှစ်၊
ဟိန်းထက်က နံပါတ်သုံး၊ ငါ့က နံပါတ်လေး၊
ဦးခိုက်က နံပါတ်ငါး "

" ငါ မပါဘူး... "

တိတ်ဆိတ်နေရာကနေ မပါဘူးဆိုတဲ့ ဦးခိုက်ရဲ့
အသံလေးကြောင့် မောင် မျက်လုံးတွေက
ပြူးသွားရသည်။ သူ မပါလို့ မဖြစ်ဘူးလေ။
သူပါမှ မောင်နဲ့ သူနဲ့ ပိုပြီးရင်းနှီးမှာ။

" မရဘူးနော် ဦးခိုက်... မင်း မပါလို့မရဘူး။
မင်း မပါရင် ငါ စိတ်ဆိုးမှာ။
လိမ်မာပါတယ်နော် ပါလိုက်နော်။
နော်... နော်လို့... နော့်​.. နော်​ "

လက်ကို ကိုင်ကာ တတွတ်တွတ် တောင်းဆိုနေ
တဲ့ ​မောင်​ကို ဗဟိုရ်ဦးခိုက်သည် ဘယ်လိုတုံ့ပြန်မှာ
လဲဆိုပြီး ကောင်းစံ၊ ဟိန်းထက် နဲ့ ရှိုင်းဆက်က
စိတ်ဝင်တစား ကြည့်နေကြသည်။
မနေသာတဲ့အဆုံး ဟိန်းထက် နဲ့ ကောင်းစံတို့
ဗဟိုရ်ဦးခိုက် ကို ကြည့်ပြီး နှုတ်ခမ်းကိုသပ်လာ
ကြကာ...

" ပါလိုက်ပါဟာ ဦးခိုက် ရာ။  မောင်
မျက်နှာက မဲ့နေပြီ။  "

" ဟုတ်တယ် ပါလိုက်ပါတော့ ဦးခိုက်။
သူငယ်ချင်း အချင်းချင်းကို စိတ်မကောင်း
ဖြစ်အောင် မလုပ်ပါနဲ့ "

ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက်+ မေလင်းစက်မောင်) Where stories live. Discover now