အခန်း ၁၃၇ ။ အမျိုးသားဇာတ်လိုက် နဲ့ ဇာတ်ပို့ အမျိုးသားဇာတ်လိုက် PK (၁)
Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
================
သူ သူမကို ကြိုက်တယ်လို့ သူပြောလိုက်တာလား? သူမ အခြားအမျိုးသားတွေနဲ့ အရမ်း
နီးကပ်လမ်းလျှောက်ရင် သူ စိတ်အနှောက်အယှက် ဖြစ်တယ်လား?
ယဲ့ဖေးချန်ရဲ့ ရုတ်တရက်ဆန်တဲ့ ဝန်ခံမူက
ချောင်မိုယွီကို ကြောင်အသွားစေတယ် ။
သူမ နူတ်ခမ်းတွေက တွန့်သွားခဲ့ပြီး:
" အာ, ဒီမှာ ရှင် အတည်ကြီးလား?"
သူမရဲ့ မရေမရာဖြစ်နေတဲ့ အခြေအနေကို
ကြည့်ပြီး, ယဲ့ဖေးချန်ရဲ့ မျက်လုံးတွေက
တစ်ဖန် ရွှင်ပျလာခဲ့ကာ, " မင်း ဘယ်လိုထင်လဲ?"
ချောင်မိုယွီ က သူမခေါင်းကိုခါပြီး, အလွန်
ရိုးသားစွာ ပြောလာတယ်,
" ကျွန်မမှာ ဘာ အတွေ့အကြုံ မှ မရှိဘူး,
ကျွန်မ မသိဘူး!"
" အခု မင်းရှိသွားပြီ, ပြီးတော့ မင်း အခု သိ
သွားပြီ" ယဲ့ဖေးချန်က ချောင်မိုယွီ ကို
ပိတ်ထားခဲ့တယ် ။ မှင်ကဲ့သို့ နက်မှောင်နေတဲ့
မျက်စံတွေက ချောင်မိုယွီအပေါ် ကျရောက်နေကာ, ခန္ဓာကိုယ်က လဲ နီးကပ်လာတယ် ။
သူမ သူ့ကို မရှောင်နိုင်ဘူး;သူမ နောက်ကျော
က နံရံဆီ ဖိကပ်နေပြီ ။
ချောင်မိုယွီက အမှန်တကယ် အတွေ့အကြုံ
မရှိဘူး ။ သူမရဲ့ ယခင်ကမ္ဘာ၌, သူမက
ဒိုရေမွန်လိုပဲ ။ တိုတိုပြောရရင် , သူမက
နေရာတိုင်းက ဝိုင်းကစ်နေပြီး အလွန်
ချစ်စရာကောင်းတယ် ။
သူမ ဆီ ချဥ်းကပ်လာတဲ့ လူတွေဟာ သူတို့
အတွက် အလင်းဖွင့်ပေးဖို့ သူမကိုတောင်း
ဆိုရန်ရည်ရွယ်ချက်ဖြင့် အမြဲ ထိုသို့
လုပ်ကြတယ် ။ ဝန်ခံတာ ကတော့, အဲ့ဒါက ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ? လူတိုင်းရဲ့
မျက်လုံးတွေထဲမှာ,သူမကို ဝန်ခံတာက
နတ်ဘုရားတွေကို ဆန့်ကျင်
ပစ်မှား ပြောဆိုနေသလိုပဲ, ဟုတ်ပြီလား?!
ဒါဆို သူမ အခု ဘာလုပ်သင့်လဲ? ချောင်မိုယွီရဲ့
စိတ်က နုံးခွေသွားခဲ့ပြီး သူမနဲ့ ယဲ့ဖေးချန်ရဲ့
မျက်လုံးတွေကြားက အကွာအဝေးဟာ ပို
၍ နီးကပ်လာတယ် ။ သူမက ပင်ကိုယ်စရိုက်
အရ သူ့ကို အဝေးတွန်းထုတ်လိုက်ချင်သော်လည်း တစ်ဝက်တွင် သူမလက်ကောက်
ဝတ်များ က ယဲ့ဖေးချန်ရဲ့ ဖမ်းခြင်းခံလိုက်ရ
တယ် ။
YOU ARE READING
စီအီးအို ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《မြန်မာဘာသာပြန်》
Romance*Not Mine * # Credit goes to Original Author & Translator # // English Translator ထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ် // Short Title : TCVCF Alternate Title : 穿成总裁蚊子血[穿书] Story Title ; The CEO's Villainess Childhood friend Author ; Zhuge Jin , 诸葛锦 ...
