အခန်း(47) အကူအညီ

613 55 0
                                        

အခန်း(47) အကူအညီ

  ဖုန်းအလင်းရောင်ကြောင့် ကြယ်သီးရှိတဲ့နေရာကို ချန်ချူ မြင်လိုက်ရပြီ။ဒါက ကျောင်းက ဆရာတွေကိုပေးတဲ့ ဝတ်စုံမှာရှိတဲ့ကြယ်သီး၊ ချန်ချူ အဲဒီတုန်းက အလုပ်သင် ဆရာပဲ ရှိသေးတော့ ဝတ်စုံမရဘူး။
  ရွီထျန်းဟောက်နဲ့ ထျန်ရှောင်းတို့ သေဆုံးချိန်က 15နှစ်ဆိုတော့ အဲဒီအချိန်မှာ ချန်ချူ အလုပ်သင်ဆရာပဲရှိသေးတယ် ၊တကယ်လို့ တရားဝင်ဆရာဖြစ်နေပြီဆိုရင် တောင် ထိုဝတ်စုံကို ကျောင်းက အခမဲ့ပေးဖို့ဆိုရင် အထက်ကိုတင်ပြတာ ၊ ဝတ်စုံချုပ် တာနဲ့တင် နှစ်ဝက်လောက်ကြာလိုက်မယ်။

  “အလုပ်သင်ဆရာတွေ သံသယစရင်းထဲက ဖယ်ထုတ်လို့ရပြီ၊ ဆရာမတွေလဲ မဖြစ်နိုင်ဘူး၊ အဲဒီတော့ တရားဝင်ဆရာတွေပဲ ကျန်တော့တယ် ၊ အထက်တန်း နှစ်၊သုံးက (ကိုးတန်း၊ဆယ်တန်း)ဆရာတွေလဲဖယ်ထုတ်လို့ရပြီ၊အခန်း၇နဲ့ဆက်စပ်နေမလားမသိဘူး ၊ ဒါဆိုရင်တောအထက်တန်းတစ်က ( ရှစ်တန်း )ဆရာတွေပဲ ကျန်တော့တယ်………”
  ချန်ချူ အမြန်ဆုံး လက်ချိုးပြီး စတွက်တော့သည်။
  ကျန့်မင်ယွမ် ၊ချင်မင် ဆရာတို့ကို ချန်ချူ သိတယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ရုံးခန်းတစ်ခု တည်းမှာလေ

  ရှစ်တန်းသင်တဲ့ဆရာတွေရဲ့ ရုံးခန်း သုံးခုရှိတယ် ၊ ဆရာမ မပါဆရာ စုစုပေါင်း နှစ်ဆယ့်ခုနစ်ယောက်။
  လူတော့တော်တော်များတယ် ၊ ကြယ်သီးပိုင်ရှင်ဘယ်သူဆိုတာ မခန့်မှန်းနိုင်ဘူး။

  “ကျောင်းသားတစ်ယောက်ဖမ်းပြီးမေးရရင်ကောင်းမလား?”
  ချန်ချူ မျက်မှောင်ကျုံ့ပြီး ထိုအတွေးကို ပယ်ချလိုက်သည်။အခု သူ့ကိုယ်အားက ဆရာအာဏာတစ်ခေါက်စာလောက်ပဲ သုံးလို့ရတော့မယ်။

  ပြီးတော့ ကျောင်းသားကလဲ သိချင်မှသိမှာ ၊သိရင်လဲ ပေါက်ကွဲသွားနိုင်တယ်။ ဒါဆို တော့ သဲလွန်စက ပြတ်သွားပြန်ပြီ။ချန်ချူ မျက်မှောင်အတော်ကိုကျုံ့သွားသည်။
  အထက်တန်း တစ် (ရှစ်တန်း) ကဆရာတွေကို သူလဲသိပ်ပြီး မရင်းနှီးဘူး။ပုံမှန်လဲ သိပ်မတွေ့ဖြစ်ကြတော့…..

  “မဖြစ်သေးဘူ ငါတခြားဖက်ကနေ စဉ်းစားကြည့်ရမယ်”
  “တကယ်လို့ ငါသာဆိုရင် ငါ့ကြယ်သီးကျန်ခဲ့ရင် ငါဘယ်လိုလုပ်မလဲ?”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now